မဆလ ခေတ်တုံးကလဲ ပါတီဥက္ကဌကြီး ဘယ်လို့ တော်တော်၊ဘယ်လောက် တတ်တတ်၊ ဘယ်လိုလမ်းညွန် မှုတွေကြောင့် ပထမ လေး နှစ်စီမံကိန်း ဘယ်လို အောင်မြင်တယ်။
ဒုတိယမှာ ဘယ်သို့ ကျော်လွှားနိုင်တယ်၊။ တတိယစီမံကိန်းမှာ ဘယ်လို ဖြေရှင်းလိုက်နိုင်တယ် ဆိုတာတွေ နဲ့ ဟိမ၀န္တာချီးကြူးခန်းတွေ ပေါ့ဗျာ။
လမ်းဘေးစာအုပ်အဟောင်းဆိုင်တွေ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှာ လုပ်သား၊ ရှေ့ သို့ ၊ လမ်းစဉ် သတင်း၊ မဆလပါတီ အစီရင်ခံစာတွေကို သွားရှာဖတ်ကြည့်နိင်ပါတယ်။
မနက်ဖန် ပြို ကြတော့ မလိုဖြစ်နေတာတောင် ဒီစာဆောင်တွေက အိုဘယ့် ဥက္ကဌ ကြီးရဲ့  လမ်းညွန်မှုတွေ ကို ချီးကြူလို့ မဆုံးကြပေဘူး။
လယ်ထွန်စက်စခန်းမှာ စက်မောင်းလာသင်တဲ့ ကောင်လေးနဲ့ ထွန်စက်စခန်းနားက ကောင်မလေးကြိုက် သွားတဲ့ ဇတ်လမ်း မျိုးတောင် တခန်းတနားရေးတယ်။ ပါတီရဲ့ဦးဆောင်မှုကြောင့် ခုလို ညားသွားကြ ပုံ မျိုး ဇတ်လမ်းတွေ ရေးခဲ့ကြပါတယ်။
ကောင်လေးနဲ့ကောင်မလေးပဲ ဗျာ၊ ပါတီက မဦးဆောင်လဲ ကြိုက်ကြမှာပါပဲ။ သူတို့ မှာ ဒါပဲကြိုက်စရာရှိ တာကိုး။
တနှစ်တခါ မြင်းပြိုင်ကွင်းမှာ ပါတီ ရဲ့ ဦးဆောင်မှု ကြောင့်စီမံကိန်းတွေဘယ်လိုအောင်မြင်တယ်ဆို တာ ပြခန်း ကြီးတွေနဲ့ ကို ပြတာ ဗျို့  ။
သိပံ္ပနဲ့ နည်းပညာ ပြခန်း ရှေ့ မှာတော့ ရေပန်း တခု ကို ပြထားတယ်။ ရေပန်းပေါ်မှာ ပလစ်စတိတ်
ဘောလုံး တလုံးကို တင်ထားတယ်။ ရေ အရှိန်ကို ထိမ်းပြီးလွတ်တော့ ဘောလုံးက ရေပန်းပေါ်မှာ ဟန်ချက် ညီ လှုပ်ခါလှည့်ကာ တင်နေတယ်။
ပါတီရဲ့ဦးဆောင်မှု လမ်းညွန် မှုကြောင့် ဒီဘောလုံးဟာ ရေပန်း ပေါ်မှာ မျှခြေ ဖြစ်နေတယ်ပေါ့။ ပညာရှင်တွေ တီထွင်ထားကြတယ်ပေါ့ဗျာ။
မဆလ ခေတ်က ကို ခပ်တိုတို ပြန်ကြည့်ရင်
- အာဏာကို စစ်တပ်ကပဲ ကိုင်ထားတယ်။
- စီးပွားရေးပိတ်စို့ မရှိဘူး။
- ဆိုရှယ်လစ်စီးပွားရေးစနစ်။
- ဗဟိုကော်မတီဝင်တွေအခွင့်ထူးခံစားရတယ်။
- ဆင်းရဲမွဲ တေမှု ကြီးမားလာတယ်။
၈၈ တုံးက မဆလပါတီ ဥက္ကဌကြီးနဲ့တကွ ဗဟိုကော်မတီ တခုလုံး သမိုင်းအမှိုက်ခြင်းထဲရောက်သွားရတဲ့ အဓိက ပြဿနာက ဒီမိုကရေစီ မရှိတာပါပဲ။
ဘဏ္ဍာရေး အကြပ်ဆိုက်မှု ( Financial Crisis ) ဖြစ်သွားတာပါပဲ။ ၁၉၈၇ မှာ ၁၀၀ တန် ၇၅ ကျပ်တန်တွေ ကို ဖျက်သိမ်းခဲ့ရတယ်။
ဒီအချက်က ၈ လေးလုံးအရေးတော်ပုံကြီးကိုပေါက်ပွားသွားစေခဲ့တာပါပဲ။
အခုလလဲ ပထမ၊ ဒုတိယ၊ တတိယ လှိုင်း ဆိုပြီး မျက်လှည့်ပြ လာပြန်ပါတယ်။ ဒီမူနဲ့ ဒီလူတွေပါပဲ ။ ၁၉၆၂ ကနေ ကနေ့ အထိပြောင်းလဲမှုတွေကိုလဲ နာမည်အမျိုးမျိုး ဇတ်ကောင်အမျိုးမျိုးနဲ့  က ပြီး ကြပါပြီ။ ရုရှား အရုပ် ( Russian Doll ) မျှသာ ဖြစ်တယ်။
ရုရှားအရုပ်ဆိုတာက အရုပ်ကြီး ကိုဖွင့်လိုက်တဲ့အခါ အရုပ်သေးလေးထွက်လာတယ်။ အရုပ်သေးလေးကို ဖွင့်လိုက်ရင် နောက်သေးသေးအရုပ်တခု ထပ်ထွက်လာပြန်တယ်။
နောက်ဆုံးတော့ ဒီလိုအရုပ်လေးတွေပါပဲ။
Naypyidaw Accord ဆိုတဲ့ စာတန်းတွေ၊ ဘဏ်တွေက ထုတ်ပြန်ထားတဲ့ ရီပို့ တွေကိုလည်း ကျနော် မကြာသေးခင်ကဖတ်ရပါတယ်။
အားလုံးက လိမ်ထားတာတွေခြည်းပါပဲ။ လိမ်တယ်ဆိုတာက အမှန်ကိုမမြင်နိင်ပဲ အမှားကို အမှန်လို့ထင်
နေကြတယ်။
တကယ်က ပထမ၊ ဒုတိယ၊ တတိယလိုင်းတွေဆိုတာ ဘာတခုမှာမအောင်မြင်ရှာခဲပါဘူး။ နိုင်ငံတကာ က ပိတ်စို့ မှုဟာ ထိပ်သီး ၄၅၀ ကိုဆက် ပိတ်စို့ ထားတုံးဖြစ်ပါတယ်။ နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေ မလာဘူး မဟုတ်ဘူး။ လာတယ်။ ဒါပေမယ့် အများစုက အလုပ်မဖြစ်သေးဘူး။
ဥပမာ ထားဝယ်ရေနက်ဆိပ်ကမ်း၊ သီလ၀ါ စတာတွေပေါ့။ အလုပ်မဖြစ်ရတဲ့အကြောင်းက နိုင်ငံရေး ပြဿနာ တွေနဲ့ နက်ရှိုင်းစွာ ဆက်စပ်နေတယ်။
စာတတ်မှုနှုန်း က ၅ ရာခိုင်နှုန်းပဲတက္ကသိုလ်ရောက်တယ်။ နိုင်ငံတော် အခြေခံအဆောက်အုံတွေ မကောင်းဘူး။
စွမ်းအင်ပြဿနာရင်ဆိုင်နေရတယ်။ ဒါတွေက နိင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့ ခက်နေတယ်။ သခင်စိုးလေ နဲ့ ပြောရရင်တော့ အနုတ်စုတ် ဂုတ်စုတ် ဒီမိုကရေစီနဲ့  ငါတယ်ဟုတ်ပါလားလို့ ထင်ရင်တော့ အမှားကြီးမှားဦးမပေါ့။
ဒါကြောင့် ဒီဆောင်ပါးကို တတိယလှိုင်းနဲ့  Great Delusion လို့  ခေါင်းစဉ်လေး ပြောင်းလိုက်ရင် ပိုကောင်းပါတယ်။
မိုးသီးဇွန် ~
0 comments :
Post a Comment