ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါင်းပုဝါနဲ့ ဂါရဝပြု

Friday, October 3, 2014

လွှတ်တော် မင်းသားကြီး ဦးလှဆွေက သီတင်းကျွတ်အခါသမယမှာ မြန်မာတို့ရဲ့ ထုံးစံဓလေ့အတိုင်း သက်ကြီး ဂါရဝ ပြုမှု တခု လုပ်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- ဦးလှဆွေ/ ဖေ့စ်ဘုတ်

ဦးလှဆွေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ဖေ့စ်ဘုတ်ပေါ်မှာ တင်လာတဲ့ ပို့စ်မှာတော့ သူ့ရဲ့ သက်ကြီး ဂါရဝ ပြုခံ ပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပါဘဲ။ 

ဒေါ်အောင်ဆန်း စုကြည်ကို ဦးလှဆွေက ဘာပစ္စည်းနဲ့ ကန်တော့လည်းဆိုတာကတော့.. 

"သီတင်းကျွတ်ဆိုတော့ သက်ကြီးတဲ့ သူ ဝါကြီးတဲ့ သူတွေကို ဂါရဝပြုရတာပေါ့ ။ ဒီနေ့ လွှတ်တော်ပြီး
တော့ အမကြီးဒေါ်အောင်ဆန်းစုကြည်ကို ယောထမီ နဲ့ ဒေါင်းပုဝါ ဂါရဝ ပြုပါတယ် ။ အမကြီးက ဆုပေးပါတယ်၊ ကျန်းမာချမ်းသာပါစေ တဲ့ဗျား။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ " ဆိုပြီး ဦးလှဆွေက ရေး ထားပါတယ်။ 


အိမ့်သံစဉ် ~ 

 





 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved