အာဏာလွှဲပြောင်းပေးမယ့် အချိန်

Friday, October 3, 2014

လွှတ်တော် မင်းသားကြီး ဦးလှဆွေက တချိန်က သူ့အတွေ့အကြုံတွေနဲ့ ခေတ်ကို သရော်တဲ့နေရာမှာ အတော်နာမည်ကြီးလာနေပါပြီ။ 




အခုနောက်ဆုံး သူ့ရဲ့ သရော်ချက်က အာဏာလွှဲပြောင်းပေးမယ့် ကိစ္စ ဘယ်တော့များမှ ဖြစ်လာမလဲ ဆိုတာ ရေးပြထားပါတယ်။ 

ကြာတော့ကြာပြီ - - - 

ကလောမှာစစ်ဦးစီးတက္ကသိုလ် တက်တော့ ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်ဘို သင်တန်းမှာ လာပို့ချတယ် ။ သူကတော်တော် ပျော်တတ်ပါတယ် ။

သင်တန်းသားတွေ စည်းကမ်း ရှိရှိနေကြ တဲ့။ ငါတို့ ဦးစီးတက်တုန်းက ကားက အသစ် မယားကအသစ် လုပ်လို့ ရတယ် ။ မင်းတို့ မလုပ်နဲ့ ဟေ့ရောင်တွေ ပြုတ်သွားမယ် နားလည်လားတဲ့။ နားလည်ပါတယ်ခင်ဗျ လို့ပြောကြရတာပေါ့ ။ ( တော်တော် တရားမျှတ ပါ့ ။) 

ဒါနဲ့ ဆက်ပြောတယ် မင်းတို့ အသက်ဘယ်လောက် ရှိပြီလည်း တဲ့ ပျှမ်းမျှ ၄၀ ဝန်းကျင်ပါ ဆိုတော့ အေး
အေး ကြိုးစားကြ နောက် အနှစ် ၂၀ ဆိုရင် နိုင်ငံအာဏာ မင်းတို့ ကိုလွှဲရမှာ တဲ့။ 

ကျနော်တွေး မိတာကအခုက အသက် ၄၀ နဲ့ နောက်အ နှစ် ၂၀ ပေါင်း အသက် ၆၀ ပင်စင် ရပြီ ဆိုတော့ ဘာမှ မပေးတော့ဘူး လို့ ပြောတာ ဘဲ လို့ ထင်တာပေါ့ ဒီလောက်တော့ မရက်စက်လောက်ပါဘူးလေ လို့တွေးနေတုန်း တိုင်မှုးကြီး ကဆက်မေးပါတယ်။ 

မင်းတို့ တောင်ကြီး တို့ ပျဉ်းမနား တို့မှာ ငါလုပ်ထားတဲ့ မြင်းပေါ် ကလူကို မြေကြီးပေါ် က လူ က စာရွက်လိပ် လေးပေးနေတဲ့ ရုပ်ထု တွေ့ဘူးလားတဲ့။ 

အဲဒါ အဓိပ္ပါယ်သိတဲ့ သူပြောစမ်းတဲ့ အမျိုးမျိုး ပြောကြတာပေါ့ ။ သမိုင်းပေးတာ ဝန် လက်ဆင့်ကမ်း တာဝန် ဘာညာဘာညာ ပြောကြတာပေါ့။ 

အဲ့မှာ တိုင်းမှူးကြီးက တယောက်မှ မမှန်ဘူးကွ။ 
 အဲ့ အဓိပ္ပါယ်က ဒီစာရွက်လိပ် လေးလောက် မကိုင်နိုင်တော့မှ အာဏာ လွှဲပေးမှာလို့ပြောတာကွ တဲ့။



လှဆွေ ~ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved