အဲအေးရှား နောက်ထပ်လေယာဉ်တစီး စတင်ထွက်စဉ် အင်ဂျင်စက်ရပ်သွား

Monday, January 5, 2015


အင်ဒိုနီးရှားနိုင်ငံက ထွက်ခွာတဲ့ နောက်ထပ် အဲအေးရှား လေယာဉ် တစီးဟာ လေယာဉ်တက်တက် ချင်း ပြေးလမ်းမှာပဲ အင်ဂျင်စက်ရပ်သွားလို့ ခရီးစဉ် ဖျက်သိမ်းလိုက်ရပြန်ပါတယ်။ 

 ဓာတ်ပုံ- the straits times

လေယာဉ်စတင်ထွက်ခွာပြီး ၂ မီတာ ၃ မီတာ လေယာဉ်ဘီးလိမ့်ပြီး အင်ဂျင်စက်က အသံကျယ်ကြီး ထွက် လာကာ ရုပ်တရက် အင်ဂျင် စက်ရပ်သွားတာဖြစ်လို့ ခရီးသည် ၉ဝ ရာခိုင်နှုန်းကျော်က အရမ်းစိုးရိမ်ပြီး အဲဒီလေယာဉ်နဲ့ မစီးရဲတော့ဘဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား Metro TV က ဆိုပါတယ်။ 

ဒါကြောင့် အဲဒီ အဲအေးရှားလေယာဉ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ မနေ့က The Straits Times သတင်းတပုဒ်မှာ ရေးပါတယ်။ 

အခု အဲအေးရှားလေယာဉ်ပျံဟာလည်း လွန်ခဲ့တဲ့ တပတ်က ပျက်ကျသွားတဲ့ လေယာဉ် စတင်တက်ခဲ့ရာ ဆူရာဘရာကျွန်း က ဂျူအန်ဒါ လေဆိပ်ကလည်းဖြစ်နေတော့ ခရီးသည်တွေက ပိုပြီး ထိပ်လန့်သွားကြ တာဖြစ်ပါတယ်။ 

 လေယာဉ်ပေါ်မှာ ခရီးသည် ၁၂ဝ ရှိနေခဲ့ပါတယ်။ လေယာဉ်ဟာ စနေနေ့ ဒေသစံတော်ချိန် ည ၉ နာရီ ထွက်ခွာမှာဖြစ်ပေမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပြီး လေကြောင်းလိုင်းကလည်း ခရီးသည်တွေကို 
လေယာဉ်လက်မှတ်ဖိုး ပြန်ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 

ကိုးကားသတင်း။  ။ http://www.straitstimes.com/news/asia/south-east-asia/story/airasia-plane-engine-dies-just-takeoff-surabaya-passengers-told-dise






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved