Smart Phone နဲ့ တွဲဖက်ပြီး Google Cardboard သုံးရအောင်

Friday, March 20, 2015



 Smart Phone ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ ဒီနေ့ခေတ် ရေစီးကြောင်းထဲမှာ စမတ်ဖုန်းတလုံးရှိရုံနဲ့ ဖုန်းပြောရုံတင်မကဘဲ ဓာတ်ပုံရိုက်၊ သီချင်းနားထောင်၊ ဗီဒီယိုကြည့်၊ ဂိမ်းဆော့၊ စာဖတ်၊ အင်တာနက်သုံး စတဲ့ အလုပ်ပေါင်းများစွာကို လုပ်ဆောင်နိုင်တာမို့ Smart Phone ဟာ လူသားတို့ရဲ့ နေ့စဉ်ဘဝတွေမှာ မရှိမဖြစ် အသုံးဝင်တဲ့ ပစ္စည်းတခုဖြစ်လာပါပြီ။

Smart Phone ကို တယောက်နဲ့ တယောက် ဆက်သွယ် စကားပြောဖို့ ရုံတင်မကဘဲ အခြား Entertainment ဆန်တဲ့ ဖျော်ဖြေရေးတွေအတွက်၊ ဥပမာ- ရုပ်ရှင်၊ ဗီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ အစရှိတာတွေ အတွက်ကိုပါ စမတ်ဖုန်းကိုအသုံးပြုလာကြပါတယ်။

အဲဒီလို လုပ်ဆောင်ချက်ပေါင်းများစွာကို လုပ်ဆောင်လာနိုင်တဲ့ စမတ်ဖုန်းတွေကို အသုံးပြုပြီးတော့ မိမိရဲ့ ကိုယ်ပိုင် စမတ်ဖုန်းတလုံးနဲ့ Virtual Reality (VR) လို့ ခေါ်တဲ့ “အတုကိုအစစ်လို့ ထင်ရစေတဲ့” သို့မဟုတ်၊ “အစစ်နီးပါးထင်ရတဲ့ မြင်ကွင်းတွေ”ကို ပုံဖော်ပေးမယ့် VR ဂိမ်းတွေ ဆော့နိုင်မယ့်၊ 3D ကြည့်နိုင်မယ့်၊ ကိုယ့် စမတ်ဖုန်းကို အသုံးပြုပြီးတကယ့် 3D Theater ကြီးထဲရောက်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်မယ့် အရာတခုကို Google ကုမ္ပဏီက တီထွင် ထားပါတယ်။
အဲဒီ အရာကတော့ Google Cardboard လို့ခေါ်ပါတယ်။ Google Cardboard ဆိုတာက တနည်းအားဖြင့် VR မြင်ကွင်းတွေကို မှန်ဘီလူးကနေတဆင့် စမတ်ဖုန်းကို အသုံးပြုပြီး ကြည့်ရှုနိုင်တဲ့ VR Headset တမျိုးပါ။ Cardboard တွေကို Hand Made Design နဲ့ Manufacturer Design - Die-Cutting Design ဆိုပြီး နှစ်မျိုးရနိုင်ပါတယ်။

Google Cardboard တွေကို ၂၀၁၄ ခုနှစ်လောက်ကတည်းက Google က ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ၂၀၁၅ အစပိုင်းလောက်မှာ လူငယ်တွေကြား စပြီးခေတ်စားလာတာလို့ ဆိုရပါမယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ရန်ကုန်၊ MICT Park အတွင်းမှာ ကျင်းပခဲ့တဲ့ ဘားကမ့် ရန်ကုန် ၂၀၁၅ မှာတော့ လူငယ်တွေ ပိုသိသွားတယ်လို့ ဆိုနိုင်ပါတယ်။

နှစ်စဉ်ကျင်းပမြဲ ဖြစ်တဲ့ Barcamp (နည်းပညာနှီးနှောဖလှယ်ပွဲကြီး) မှာ Google Cardboard တွေ အကြောင်းလူငယ် Speaker တချို့က ဆွေးနွေးပြောပြသွားခဲ့ပြီး Google Cardboard က ကိုယ်တိုင်လည်း ပြုလုပ်နိုင်သလို Facebook Online Shopping တွေကလည်း မှာယူပြီး အသုံးပြုနိုင်တာကြောင့် အခုနောက်ပိုင်းမှာဆိုရင် လူငယ်တွေကြားမှာ အတော်လေး ရေပန်းစားတယ် ပြောရမှာပါ။

Google Cardboard ကို ကိုယ်တိုင်ပြုလုပ်ချင်တယ်ဆိုရင် ကတ်ထူ စက္ကူသား၊ မှန်ဘီလူး၊ သံလိုက် အစရှိတာတွေကို အသုံးပြုပြီး Google မှာ ပြုလုပ်ပုံအဆင့်ဆင့်နဲ့ သူပြထားတဲ့ အတိုင်းအတာ၊ ခေါက်ပုံခေါက်နည်းစတဲ့ Instruction တွေ အတိုင်း DIY (Do it yourself) Printout Design တွေ Download ရယူကာ ကိုယ်တိုင် ဖန်တီး ပြုလုပ်နိုင်ပါတယ်။ 

VR Cardboard တခု ရပြီဆိုတာနဲ့ အသုံးပြုမယ့် ကိုယ့်ရဲ့စမတ်ဖုန်းထဲမှာ VR App (Application) တွေ ထည့်ထားပေးဖို့ လိုပါတယ်။ Cardboard ကနေတဆင့် ကိုယ်ကြည့်ချင်တဲ့ 3D မြင်ကွင်းတွေ၊ 3D ဂိမ်းစတာတွေကို VR App အနေနဲ့ သွင်းပေးထားရမှာပါ။ ဒါ့အပြင် ကိုယ့်ဖုန်းထဲမှာရှိပြီးသား MTV, Movie ဖိုင်တွေကိုလည်း VR Converter နဲ့ VR Version ပြောင်းလို့ 3D MTV, 3D Movie တွေအဖြစ် ပြောင်းလဲကြည့်ရှုနိုင်တာမို့ ကိုယ့်ဖုန်းနဲ့တင် ကိုယ်တိုင် 3D Theater ထဲရောက်သွားသလို  ခံစားကြည့်ရှုနိုင်ပါတယ်။

VR ဂိမ်းတွေဆိုရင်လည်း လူငယ်တွေအကြိုက် စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်တဲ့ ရိုလာကိုစတာဂိမ်း၊ တောထဲ၊ ဂူထဲတွေ သွားပြီး လေ့လာနိုင်တဲ့ Adventure ဂိမ်း၊ သရဲအိမ်ထဲ ကိုယ်တိုင် ရောက်ရှိသွားသလို ခံစားရမယ့် Horror ဂိမ်း၊ ကိုယ်မရောက်ဖူးသေးတဲ့ နေရာဒေသ၊ မြို့ အစရှိတာတွေနဲ့ ထူးဆန်းတဲ့ သဘာဝတ်ပတ်ဝန်းကျင်တွေကို ကိုယ်တိုင်ရောက်ရှိသွားသလိုမျိုး ခံစားရမှာပါ။ ဒီဂိမ်းတွေ၊ App တွေကို ကစားတဲ့အခါ အထက်၊ အောက်၊ ဘေးပတ်ပတ်လည် လှည့်လှည်ကြည်ရှု ကစားနိုင်တာကြောင့် လုံးဝ 3D Mood ကို အပြည့်အဝ ပေးစွမ်းပေးမှာပါ။


 VR Applications တွေက Gyroscope Sensor ပါဝင်တဲ့ စမတ်ဖုန်းတွေမှာ ကောင်းစွာပိုအလုပ်လုပ်နိုင်ပြီးတော့ ကိုယ်ကိုယ်တိုင် အမှန်တကယ်ရောက်ရှိသွားသလိုခံစားမှု ရသမျိုးကိုပေးစွမ်းနိုင်မယ့် 3D Movie တွေကို ကြည့်ရှုနိုင်မှာ ဖြစ်သလို VR Game တွေကိုလည်း ကစားနိုင်မှာ ဖြစ်ပါတယ်။ Gyroscope Sensor မပါတဲ့ ဖုန်းတွေကတော့ Cardboard ကို အသုံးပြုပြီး 3D Movie တွေကြည့်နိုင်ပါတယ်။
ကဲ.. ဒီလောက်ဆိုရင်တော့ ကိုယ့်ကိုယ်ပိုင် စမတ်ဖုန်းတလုံးနဲ့ Google Cardboard ကို အသုံးပြုလို့ စိတ်ကူးယဉ် 3D ကမ္ဘာလေးထဲဝင်ပြီး ကိုယ်တိုင်ရောက်ရှိသွားသလို ခံစားကြည့်ရအောင်လား။

ပုံမှာပြထားတဲ့ Google Cardboard တွေကို မှာယူပြီး ကိုယ်တိုင် အသုံးပြုချင်တယ်ဆိုရင်တော့ www.facebook.com/googlecardboard.mm ဆိုတဲ့ “For Myanmar inspired by Google Cardboard” Facebook Page မှာ Online Shopping မှာသွားရောက် ကြည့်ရှု ဝယ်ယူနိုင်ပါတယ်။

အဲဒီမှာ ဝယ်ယူရရှိနိုင်မယ့် Cardboard တွေက Hand Made Design ကို အခြေခံထားတာမဟုတ်ပါဘူး၊ Google ကနေ တရားဝင် Release လုပ်ထားတဲ့ Manufacturer Design - Die-Cutting Design တွေ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ ကတော့ ကတ်ထူသားနဲ့ဆိုရင် တသောင်းကျပ် ဝန်းကျင်၊ ပလတ်စတစ်သားနဲ့ ဆိုရင်တော့ ကျပ်နှစ်သောင်းကျော် ကျသင့်မှာပဲ ဖြစ်ပါတယ်။


သီဟတိုး


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved