MPT ရဲ့ နာရီတိုင်းမှာ ၅ မိနစ်စာအစီအစဉ် စတင်

Wednesday, September 9, 2015




မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတခုဖြစ်တဲ့ (MPT) က ဆွေသဟာသုံးစွဲသူတွေအတွက် “နာရီတိုင်းမှာ (၅) မိနစ်စာ”အစီအစဉ်ကို ဩဂုတ်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီကနေစက်တင်ဘာလ ၃၀ ရက်အထိ ဘယ်လိုလျှောက်ထားမှုမှမလိုဘဲ ပြုလုပ်ပေးသွားမှာပါ။

မိနစ် ၆၀ ဆက်တိုက်ဖုန်းခေါ်ဆိုရင် ပထမဆုံး ၅ မိနစ်အတွက်ပဲ တစ်မိနစ် ၂၃ ကျပ်နှုန်းနဲ့ ပေးဆောင်ရ   မှာဖြစ်ပြီး ကျန်တဲ့ ၅၅ မိနစ်ကိုအခမဲ့ရရှိမှာဖြစ်ပါတယ်။ မိနစ် ၆၀ ထက်ကျော်တဲ့ ဖုန်းခေါ်ဆိုမှုတွေ အ       တွက်တော့ မူလ ဈေးနှုန်းဖြစ်တဲ့ တစ်မိနစ် ၂၃ ကျပ်နဲ့ ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ တကြိမ် ဖုန်းခေါ်တိုင်း ပထမဆုံး ၅ မိနစ်ပြီးမှသာ အခမဲ့ဖုန်းခေါ်ချိန်ကိုစတင်သတ်မှတ်မှာ ဖြစ်ပြီးတော့ ၅၅ မိနစ်စာအတွက်ပဲ အခမဲ့ ရရှိမှာဖြစ်ပါတယ်။

“MPT သုံးစွဲသူတွေအတွက် ဒီလိုထူးခြားတဲ့ အစီအစဉ်လေးတွေ လုပ်ပေးရတာသိပ်ကိုဝမ်းသာမိပါတယ်။
သုံးစွဲသူတွေကိုသူတို့ရဲ့ ချစ်ခင်တဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ စကားများများပြောဆိုနိုင်အောင် လုပ်ပေးရင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ပါတယ်။ ဒီ အထူးအစီအစဉ်နဲ့ဆိုရင် ကိုယ့်ရဲ့ချစ်ခင်သူတွေ၊ မိသားစု တွေနဲ့ တနာရီကြာအောင် အားရပါးရ ဖုန်းပြောရင်း တကယ့်ကိုပျော်စရာကောင်းတဲ့အချိန်တွေရရှိမှာပါ။    တနာရီစာပြောမှ ၁၁၅ ကျပ်ပဲကျမှာဖြစ်ပါတယ်”လို့ MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations၏ CEO ဖြစ်သူMr. Takashi Nagashima ကပြောခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ဆွေသဟာအသုံးပြုသူတိုင်းအတွက် အကျုံးဝင်မှာဖြစ်ပြီး MPT နံပါတ် အချင်းချင်းပဲ ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။ Pre-paid နဲ့ post-paid နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်ပါမယ်။ အခမဲ့ ဖုန်းခေါ်ဆိုမှုကို ညနေ (၆) နာရီကနေ ည (၁၀) နာရီအတွင်းမှာတော့ ရရှိမှာမဟုတ်ပါဘူး။

အဲဒီအချိန်အတွင်းဖုန်းခေါ်ဆိုရင် မူလဈေးနှုန်းဖြစ်တဲ့ တမိနစ် ၂၃ ကျပ်နဲ့ ကောက်ခံသွားမယ်လို့ သိရပါတယ်။ အခမဲ့ ခေါ်ဆိုချိန်တွေအတွက် တရက်စာဖုန်းခေါ်ဆိုမှုကို အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါဘူး။ လက်ရှိမှာMPTကိုအသုံးပြုသူပေါင်း ၁၄ သန်းကျော်ရှိနေပြီး ထိုသူများထဲက ထက်ဝက်ကျော်ဟာ ဆွေသဟာအစီအစဉ်ကို အသုံးပြုနေကြပါတယ်။ ဆွေသဟာအစီအစဉ်ကို အသုံးမပြုရသေးတဲ့ သူများအနေနဲ့  ဆွေသဟာအစီအစဉ်ကို ရယူလိုပါက ၁၃၃၂ သို့ “SWE” သို့မဟုတ် “POSTSWE” လို့ ပေးပို့ပြီးအခမဲ့ ရ  ယူနိုင်ပါတယ်။


ထက်ဦးဝေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved