work.com.mm က ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကျင်းပမည်

Wednesday, December 9, 2015


Add caption

မြန်မာပြည်ရဲ့ ပထမဆုံးအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး Website တခုဖြစ်တဲ့ work.com.mm က       ဒုတိယအကြိမ်မြောက် အလုပ်အကိုင်ပြပွဲကြီးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ           ရန်ကုန်မြို့ MICT park မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

work.com.mm အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးက ပထမအကြိမ်ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲကြီးကို မေလအတွင်းက ပြုလုပ်ခဲ့ပြီး ပြပွဲကို လူဦးရေတသောင်းခွဲ တက်ရောက်ခဲ့ပါတယ်။ လာမယ့် ဒုတိယ အ           ကြိမ်မြောက်ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံက အတွေ့အကြုံရှိတဲ့ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့လာရောက်နိုင်ပြီး အပြည်ပြည်ဆိုင်ရာက ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ ပြည်တွင်းကုမ္ပဏီ ကြီးတွေက HR များနဲ့ လူချင်းတွေ့အင်တာဗျူး ဖြေဆိုခွင့်များကိုလည်း ရရှိမှာဖြစ်ပါတယ်။

ဒီပြပွဲကို မည်သူမဆိုတက်ရောက်နိုင်မှာဖြစ်ပြီး အလုပ်အကိုင်ရှာဖွေမယ့် သူတွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေး အကျဉ်းအပြည့်အစုံဖော်ပြထားတဲ့ အလုပ်လျှောက်လွှာများကို တပါးတည်းယူဆောင်လာပြီး မိမိ လျှောက်ထားလိုတဲ့ အလုပ်အကိုင်ကိုတိုက်ရိုက်လျှောက်ထားနိုင်မှာဖြစ်တဲ့အပြင် www.work.com.mm ဝက်ဘ်   ဆိုက်မှာလည်း စာရင်းသွင်းလို့ရပါတယ်။ လျှောက်လွှာတင်ထားသူများကို ဦးစားပေး လျှောက်ထားသူအဖြစ် သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

work.com.mm ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ကို ၂၀၁၂ ခုနှစ်ဇွန်လအတွင်းကစတင် ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိအွန်လိုင်းအလုပ်အကိုင်ရှာဖွေသူများအတွက် အလားအလာကောင်းများနဲ့  အကြီးမားဆုံးအသက်မွေးကြောင်း အလုပ်အကိုင်များရှာဖွေနိုင်တဲ့နေရာအဖြစ် ရပ်တည်ဆဲဖြစ်ပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved