မျိုးကြီး ရဲ့  “ယူလိုက်”

Wednesday, September 29, 2010


ဧရာဝတီကို အစဉ်အမြဲ အားပေးနေသော လူငယ်ပရိတ်သတ်အတွက် ကြော်ငြာချင်တာ တခု ကတော့ မြန်မာပြည်ရဲ့ နာမည်ကြီး ရော့ခ်အဆိုတော် မျိုးကြီးရဲ့  ရှစ်ခွေမြောက် တကိုယ်တော် ကိုယ်ပိုင်သံစဉ် “ယူလိုက်” ထွက်ရှိလို့လာခဲ့ပါပြီ။

အရင် က copy သီချင်းများဖြင့် နာမည်ရလာသော မျိုးကြီးသည် ယခု တေးစီးရီးကို ကိုယ်ပိုင်သံစဉ်ဖြစ်အောင် (၃) နှစ်လောက် ကြိုးစား ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ “ယူလိုက်” စီးရီးမှာ သီချင်းအသစ်ပေါင်း (၁၂)ပုဒ် ပါဝင်ပြီး တေးရေး ဆရာများကတော့ မောင်မောင်ဇော်လတ်၊ အငဲ၊ ရယ်ဂျီ၊ စံပီး၊ စနို၊ လင်းလင်း နဲ့ မျိုးကြီး ကိုယ်တိုင် ကြိုးစားပြီး ရေးစပ်ထားတာကို တွေရပါတယ်။

Iron Cross က လက်စွမ်းပြ တီးခတ်ထားပြီး PTL စတူဒီယိုမှာ အသံသွင်းထားတယ်လို့ သိရပါတယ်။ ယခု “ယူလိုက်” album မှာ သီချင်း တော်တော်များကို လူငယ်တွေလက်ခံ နိုင်မယ်လို့ ထင်ပါတယ်။ “တိုင်ပတ်တဲ့ကမ္ဘာ” ဆိုတဲ့ သီချင်းကတော့ နားထောင်လို့ကောင်းတဲ့ အပြင် ကမ္ဘာမြေအကြောင်းစပ်ဆိုထားလို့ ပရိတ်သတ်လည်း နှစ်သက်မယ်ထင်ပါတယ်။ မျိုးကြီးက အစွမ်းကုန် ကြိုးစားထားတယ်လို့ ပြောထားပါတယ်။ ကဲ တေးစီးရီးကတော့ ထွက်ထွက်ခြင်း Internet အပေါ်မှာ ပျံ့နှံ့ ရောက်ရှိနေပါပြီ။ ပရိတ်သတ်ကြီးပဲ နာထောင်ပြီး ဆုံးဖြတ်ပေးလိုက်ကြပါတော့။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved