ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာတဲ့လား

Thursday, September 30, 2010


ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးတာနဲ့ လွှတ်မှာပါလို့ လေသံပစ်နေပါပြီ။
အားလုံးပါဝင်နိုင်ရေး (Inclusive) ဆိုတာ ဘာပါလဲ။ (ဓာတ်ပုံ - AFP)



ရွေးကောက်ပွဲ ပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာပါလို့ စစ်အစိုးရ အရာရှိတဦးက ပြောဆိုလိုက်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည် လွတ်ရမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်ပေးမှာ အသေအချာပါပဲဆိုပြီး AFP သတင်းဌာနက စစ်အစိုးရ အရာရှိကြီးတယောက်ကို ကိုးကားပြီး ဒီနေ့ပဲ ပြောလိုက်ပါတယ်။

“နိုဝင်ဘာလဟာ ကျနော်တို့အတွက် အရေးလည်းကြီး အလုပ်လည်းများတဲ့ လပါ။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကလည်းရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှတ်ပေးမှာမို့ပါ” လို့ အဲဒီ အရာရှိကြီးက AFP ကို ပြောတယ်လို့ ဆိုပါတယ်။

ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းချုပ်ထားလို့ မရတော့ဘူး ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အခုထိတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ့် ရက်နဲ့ပတ်သက်ပြီး ကြိုတင် သိထားတာ ဘာမှ မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှု ဆန္ဒအတိုင်း ကျနော်တို့ လုပ်သွားမှာပါ။ အဲဒီနေ့ကို ကျနော်တို့ စောင့်နေပါတယ်” လို့ ဦးဥာဏ်ဝင်းက AFP ကို ပြောသွားပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ကိုအောင်နိုင်ဦး က “စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်နေတာပါ။ ဥပဒေတွေ ဘာတွေဟာ ဘာမှ အသုံးဝင်တာ မဟုတ်ဘူး။ သူတို့လွှတ်ပေးချင်ရင် လွတ်မှာပဲ။ လွှတ်မပေးရင်လည်း လွတ်မှာ မဟုတ်ဘူး” လို့ AFP သတင်းဌာနကို ပြောထားပါတယ်။

လွတ်တာမြင်မှပဲ ကျနော် ယုံမယ်ဆိုပြီး ကိုအောင်နိုင်ဦးက ဆက်ပြောထားပါသေးတယ်။

ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်ကတော့ “ဒေါ်အောင်ဆန်းစုကြည် လွတ်သွားရင်လည်း တိုင်းပြည်ထဲမှာ အကျဉ်းသားအဖြစ် ဆက်ရှိနေဦးမှာပဲ။ အချိန်မရွေး ပြန်ဖမ်းနိုင်တယ်။ မဟုတ်ရင် အကျယ်ချုပ်သက်တမ်း တိုးနိုင်တယ်။ လွတ်လပ်ခွင့်တွေ ဘယ်လောက် ပေးမလဲ။ သူကရော ဘာတွေ လုပ်မလဲဆိုတာ အရေးကြီးတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ဖို့လည်း အရေးကြီးတယ်” လို့ ပြောပါတယ်။

2 comments :

  1. Unknown said... :

    Releasing ASSK means Naypyidaw wants to test the strength of new "government" or "administration" formed by "elected representatives" (or, selected persons of Snr-Gen Than Shwe) through the frauds and electoral manipulations favoring Kyant-Phut party in the generals' promised "elections."

  1. Anonymous said... :

    inclusive? free and fare? But there are a few days left for election that will be decided to the future of Burma.

    So bad ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved