နိုင်ငံခြားသားတွေမြင်ရင် အလွန်ရှေးကျတဲ့ မြန်မာပိုက်ဆံတွေလို့ ထင်ကြမလား မသိပါဘူး။ လက်ရှိ မြန်မာပြည်မှာ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူပါလို့ပြောရင် ယုံကြမယ် မထင်ဘူး။
ပိုက်ဆံကို ရဲရဲမကိုင်ရဲဘူး။ ပြုတ်ထွက်ကုန်မှာစိုးလို့။ တိတ်နဲ့ကလည်း ကပ်ထားရသေးတယ်။ နောက်ပြီး ပိုက်ဆံကို ကြည့်လိုက်တော့ ဘက်တီးရီးယားတွေများ ပါမလားလို့ သံသယ ဖြစ်မိသေးတယ်။
ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေတဲ့ မြန်မာပြည်မှာ ဆိုတော့လည်း ပြည်သူတွေက ဖြစ်သလို တိတ်နဲ့ကပ် ပလပ်စတစ်အိတ်နဲ့ ထည့်ပြီး သုံးနေကြလေရဲ့။

ရစ်ပလေ (Ripley) သာ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဒီပိုက်ဆံတွေ မြင်ရင်တော့ သူ့ရဲ့ ကမ္ဘာကျော်စာအုပ် “ယုံချင်ယုံ မယုံချင်နေ” (Believe it or Not) ထဲမှာ ထည့်ရေးမှာတော့ သေချာပါတယ်။ အံ့ဖွယ်သုတထဲမှာ တခုအပါအဝင် ဖြစ်လာနိုင်ပါရဲ့။
ရှက်စရာကြီးးးးးးးးးးးးးးနော်