ဒေါ်အောင်ဆန်းစုကြည် မဲပေးမည် မဟုတ်

Tuesday, October 12, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူ တဦးက ဆန္ဒပြနေပုံပါ။ (ဓာတ်ပုံ - Getty Images)


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက မဲထည့်ခွင့်ပေးပေမယ့် သူကတော့ မဲထည့်လိမ့်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့် ပြုထားတယ် ပြောတော့ “ဒါပေမယ့်လည်း ကျမက မဲထည့်မှာ မဟုတ်ဘူးလို့” ပြောပါတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းကို ကိုးကားပြီး အခုပဲ သတင်းတွေ တက်လာတာကို တွေ့ရပါတယ်။

စစ်အစိုးရက မဲပေးခွင့် ပြုတယ် ဆိုပေမယ့်လည်း ဒါဟာ ဥပဒေအရ အကျုံးမဝင်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောတယ်လို့လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved