မယုံလျှင် ပုံပြင်မှတ်ပါ

Friday, October 15, 2010

ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တိုဘက်မှာ ကြံ့ဖွံ့ပါတီဝင် ဖြစ်မှန်းမသိဘဲနဲ့ ပါတီဝင်အဖြစ် အဓမ္မ သိမ်းသွင်းခံလိုက်ရသူ တဦးကတော့ ကိုယ့်ကိုယ်ကိုယ် နွားဖြစ်သွားပါပြီလို့ ခံယူလိုက်ကြောင်း ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရပါတယ်။

“သူက နဂိုကတည်းက ကြံ့ဖွံ့ကို မုန်းတဲ့သူ။ သူတောင် ဘာမှ မသိလိုက်ရဘဲနဲ့ သူ့နာမည် ကြံ့ဖွံ့ပါတီဝင် စာရင်းမှာ ပါလာတယ်။ မဲဆွယ်ပွဲတက်ဖို့ အဖိတ်ခံရတော့မှ သိတယ်။ အဲဒီမှာတင် သူက ကျနော်က ကြံ့ဖွံ့ပါတီဝင် တယောက်ဖြစ်နေတဲ့အတွက် ဒီနေ့ကစပြီး ကောက်ရိုးပဲ စားတော့မယ်ဆိုပြီး ကြံ့ဖွံ့ရုံးရှေ့မှာ ကောက်ရိုးတွေ သွားစားပြနေတာနဲ့ ကြံ့ဖွံ့က ပါတီဝင်အဖြစ်ကနေ ထုတ်ပေးလိုက်ရတယ်။ အရေးတော့ မယူပါဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

ကဲ … အဲလိုကို မုန်းတာတဲ့။ မယုံ မရှိနဲ့။

စိုင်းဇွမ်ဆိုင်း

3 comments :

  1. Anonymous said... :

    Good one! Much worth reading than those news/articles about "ANOTE-PYINN-Nyar-Shin"s and "Khway-Sar"s (dog foods) such as the tale of Lwin Moe's wagging-tail and story of the missing of Nann Hsu Yeti Soe. Nyunt Win, Lwin Moe, Aung Khine, etc, should get intensive training from that Khanaungtol villager.

  1. Anonymous said... :

    Salute who made this right action!!!
    မြန်မာပြည်မှာ ဒီလိုမျိုး တနည်းမဟုတ်တနည်းနဲ့ ဆန့်ကျင်ကြတဲ့ လူတွေရှိနေတာ ဝမ်းသာတယ်ဗျာ...
    သွေးချင်းတွေရဲ့ ဘဝတွေ အမြန်ဆုံး လွတ်လပ်ပါစေ...

  1. မယုံမရှိနဲ့ ကိုယ်တွေ.......
    ဘယ်သူမှတောင် ဘာမှ မသိလိုက်ရဘဲနဲ့ ကြံ့ဖွံ့ပါတီဝင် စာရင်းမှာ တမိသားစုလုံးပါလာတာ
    အသင်းဝင်ကတ်တွေလာပေးမှသိလိုက်တော့....ဘာပြောကောင်းလိမ့်မလဲ...အဖေနဲ့တွေ့တာပေါ့.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved