တရုတ်က ခြိမ်းခြောက်နေတာလား

Tuesday, October 4, 2011

CPI ဥက္ကဋ္ဌ မစ္စတာ လူကျိရို (ဓာတ်ပုံ - Bloomberg News)

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံဆည် စီမံကိန်းကို သူ့အစိုးရသက်တမ်း ၅ နှစ်တာ ကာလအတွင်း ဆိုင်းငံ့မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က လွှတ်တော်မှာ မကြေညာမီ မိမိတို့ ကုမ္ပဏီအား တစုံတရာအကြောင်းကြားခြင်း လုံးဝမပြုလုပ်ခဲ့လို့ အင်မတန် အံ့အားသင့်ခဲ့ရကြောင်း China Power Investment Corporation (CPI) ဥက္ကဋ္ဌ မစ္စတာ လူကျိရို (Lu Qizhou) က တရုတ်နိုင်ငံပိုင် China Daily သတင်းစာကြီးကို မနေ့က ပြောကြားလိုက်ပါတယ်။

CPI ဟာ မြစ်ဆုံစီမံကိန်းမှာ ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ ဖြစ်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတဦးသိန်းစိန် ကိုယ်တိုင် ယခင်စစ်အစိုးရရဲ့ ဝန်ကြီးချုပ်အနေနဲ့ မြစ်ဆုံစီမံကိန်းကို လာရောက်ကြည့်ရှုစဉ်က စီမံကိန်ကို အရှိန်မြှင့် လုပ်ဆောင်ဖို့ ပြောကြားခဲ့တာကြောင့် မြန်မာအစိုးရရဲ့ ဆုံးဖြစ်ချက်ဟာ အင်မတန် နားမလည်နိုင်စရာကောင်းကြောင်းလည်း မစ္စတာ လူကျိရိုက ပြောပါတယ်။

၂၀၀၆ ခုနှစ်က CPI နဲ့ မြန်မာအစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာန အမှတ် (၁)၊ အေးရှားဝေါလ်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကုန်ကျမယ့် မြစ်ဆုံစီမံကိန်းအပါအဝင် မေခ မလိခမြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည် ၇ ခု အတွက် ရင်းနှီးမြုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာဘီလီယံ ၂၀ လောက်ရှိပါတယ်။

ဒီစီမံကိန်းတွေအတွက် ငွေအလုံးအရင်း မြှုပ်နှံထားတာကြောင့် စီမံကိန်းကို ဆက်လက်ပြီး သတ်မှတ်ကာလအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း၊ စီမံကိန်းကို ရပ်တန့်လိုက်ပါက "တရုတ်ပြည်နဲ့ မြန်မာပြည်" နှစ်နိုင်ငံလုံး မဖော်ပြနိုင်လောက်အောင် ဆုံးရူံးမှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာအစိုးရဖက်က တခြား ချေးငွေ သဘောတူညီချက်များအရ ပိုက်ဆံများလည်း ရယူထားပြီးဖြစ်ကြောင်း၊ ဒါ့ကြောင့် ယခုလို ရပ်တန့်လိုက်ခြင်းအတွက် မြန်မာဘက်မှ ဥပဒေကြောင်းအရ ပြဿနာများရင်ဆိုင်ရနိုင်ကြောင်း မစ္စတာလူကျိရိုက ပြောထားပါတယ်။

သူက စီမံကိန်းနဲ့ ပတ်သက်တဲ့ သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဟာ ဝေဖန်သလောက် တကယ်မရှိကြောင်း၊ မြစ်ဆုံဆည်ကြီး ပေါ်ထွက်လာရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကြီးတောင် ရေးကြီးတဲ့ အန္တရာယ်ကနေ ပိုကာကွယ်နိုင်လာမှာဖြစ်ကြောင်း ဆိုပါတယ်။

သူ့ရဲ့ အင်တာဗျူးအပြည့်အစုံကို မကြာမီ ဘာသာပြန်ပြီး တင်ပေးပါမယ်။

27 comments :

  1. Anonymous said... :

    China Power Investment Corporation (CPI) ဥက္ကဋ္ဌ မစ္စတာ လူကျိရို (Lu Qizhou) အနေနဲ့ စဉ်းစားသင့်တာက အဆင့်အတန်းရှိတဲ့ နိုင်ငံကိုယ်စားပြုကုမ္ပဏီတစ်ခုအနေနဲ့ ဒီစီမံကိန်းကို အဆင့်အတန်းရှိရှိ သိက္ခာရှိရှိ ကျင့်ဝတ်နဲ့ အညီအကောင်အထည်ဖော်ခဲ့သလားဆိုတာပါပဲ။ ဥက္ကဋ္ဌ မစ္စတာ လူကျိရို (Lu Qizhou) ကိုမေးချင်ပါတယ်။ မြစ်ဆုံစီမံကိန်းမစမီ ထိုက်သင့်တဲ့ လေ့လာမှုတွေကို ပြီးပြည့်စုံအောင်လုပ်ခဲ့ပါသလား၊ တွေ့ရှိချက်တွေကို ပြည်သူကို ချပြခဲ့ပါသလား၊ ဒေသခံပြည်သူတွေရဲ့ အသံကို နားထောင်ပြီးထည့်သွင်းစဉ်းစားခဲ့ပါသလား၊ မြစ်ဆုံဆည် ဒီဇိုင်းက သဘာဝတ်ပတ်ဝန်းကျင်ကို မထိခိုက်အောင် ဘယ်လိုပုံစံပြုထားပါသလဲ၊ ဖြစ်လာမယ့်အကျိုးဆက်တွေအတွက် ဖြေလျော့မယ့်အစီအစဉ်တွေကို ထည့်သွင်းထားခြင်းရှိပါသလား။ လေ့လာမှုအနည်းအကျဉ်းလုပ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေဝေဖန်သလောက်မရှိဘူးလို့ပြောတာက တရားလက်လွတ်ပြောတာဖြစ်ပါတယ်။ ကိုယ့်စကားကိုယ်နားမလည်ရာလည်းရောက်ပါတယ်။
    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တောင် ရေကြီးတဲ့အန္တရာယ်ကနေ ပိုကာကွယ်နိုင်လာမှာလို့ပြောတာဟာ ကိုယ့်ကုမ္ပဏီက လုပ်ထားတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ အနည်းအကျဉ်းလေ့လာချက်ကိုတောင် သေသေချာချာမသိဘူးဆိုတာပေါ်လွင်ပါတယ်။ တရုတ်ပြည်က Three Gorges Dam ကြီးကို ပစ်ချိုးလိုက်ရင် တရုတ်ပြည်ကိုစစ်တောင်တိုက်စရာမလိုဘူးလို့ သုံးသပ်ပြီးကြောက်နေခဲ့ရတာကိုမေ့နေပြီလားခင်ဗျာ။ စီပီအိုင်အနေနဲ့ ကိုယ့်နိုင်ငံက သဘာဝပတ်ဝန်းကျင်စံနှုန်းများအတိုင်း မြန်မာပြည်မှာ ကျင့်ဝတ်သိက္ခာရှိရှိအကောင်အထည်ဖော်ခဲ့တယ်ဆိုမှ ဒီစကားမျိုးပြောသင့်ပါတယ်။ တရားလက်လွတ်ဆက်လက်ပြောဆိုလုပ်ကိုင်မယ်ဆိုရင် စီပီအိုင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုတွေအတွက် စီပီအိုင်က ဂုဏ်သိက္ခာနဲ့ ပေးဆပ်ရမယ်ဆိုတာမမေ့ပါနဲ့။ ကမ္ဘာမှာ တရုတ်ကုမ္ပဏီတွေ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ခင်ဗျားတို့ နိုင်ငံတော်အကြီးအကဲတွေ ရဲ့ ညွှန်ကြားချက်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် ခင်ဗျားတို့ ကုမ္ပဏီမှာ အပြစ်ကင်းတယ်မထင်ပါနဲ့။ ခင်ဗျားတို့ လုပ်တဲ့ မတရားမှုတွေကို ကမ္ဘာက သိသွားအောင် ကျုပ်တို့ မြန်မာတွေမှာလည်း လုပ်နိုင်စွမ်းရှိတယ်ဆိုတာ မမေ့ပါနဲ့။ လူကြီးလူကောင်းပြီသဖို့ အိမ်နီးချင်းကောင်းပီသဖို့ မေတ္တာရပ်ခံချင်ပါတယ်။

  1. Anonymous said... :

    ဆည်ကြီးက ရေးကြီးတာကိုတောင် ကာကွယ်နိုင်တယ် ပြောရအောင်... သူတို့ မြစ်ဝါမြစ်ကြီးမှာတောင် ဘယ်လောက် ဖြစ်ပျက်နေလဲ .. လက်တွေ့ ဖြစ်နေတာကိုကျတော့ မပြောပဲနဲ့...

  1. PTA said... :

    well... said!!! greatly pointed out those facts that highlights on immorality of Chinese Communist Government. Cheers... who wrote that comment, ""တရုတ်က ခြိမ်းခြောက်နေတာလား"

  1. PTA said... :

    i meant.. compliment to the person who wrote the first comment on that article, ""တရုတ်က ခြိမ်းခြောက်နေတာလား"

  1. ကေကေအို said... :

    အပေါ်ဆုံးက ရေးတဲ့ဆရာ၊ အားပေးတယ်ဗျာ။ ဗဲရီးဂွတ်၊
    ဒီတရုတ်တွေ မကျေနပ်ရင် ရန်ကုန်က သူတို့ သံအမတ် ပြန်ခေါ်သွားပေါ့။

  1. Anonymous said... :

    ကေကေအို ပြောတာကို ထောက်ခံပါတယ်။ မကျေနပ်ရင် ရန်ကုန်က တရုတ်သံရုံးက သံတမန်ဆိုတာတွေကို တရုတ်ပြည်ကို ပြန်ခေါ်သွားနိုင်ပါတယ်။ တရုတ်ဆိုတာမျိုးက ဝေးလေ ကောင်းလေပါ။

  1. Anonymous said... :

    မြန်မာသတင်းဌာနနဲ့bloggersများကိုအကြံပြုချင်ပါတယ်။
ေ-ာက်တရုတ်နံမည်တွေရှေ့က(မစ္စတာ)ထည့်ရေးကြပါနဲ့၊ဒီကောင်တွေကလေးစားထိုက်တဲ့လူတွေမဟုတ်သလို၊လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့စိတ်စိုးစဉ်းမျှမရှိပါ။နိုင်ငံခြားသားနာမည်တိုင်း(မစ္စတာ)ရှေ့ကတပ်ရမည်ဟုဥပဒေမရှိပါ။
    We should know who deserve our respect & make sure before labeled "Mister",whose culture and tradition?
    Please do not use it, that is not for any chinese .

  1. Anonymous said... :

    တရုတ်ကို သိပ်မှုစရာမလိုဘူး၊ “စကားသိပ်မများနဲ့၊ ကျန်တဲ့ စီမံကိန်းတွေပါ ရပ်ပစ်လိုက်ရမလား” လို့ပဲ အကြောင်းပြန်လိုက်။

  1. တောသား said... :

    တရုတ်က ပြန်ရမလားလို့တော့ ငြိမ်းခြောက်ကြည့်မှာပဲ... မရ ရအောင်တော့လုပ်လိမ့်မယ်ထင်တယ်...
    ဒါပေမယ့် တခြားProjectsတွေကရှိသေးတော့ မရနိုင်တဲ့ အဆုံးလျှော့ပေးပါလိမ့်မယ်...
    ဦးသိန်းစိန် အစိုးရနဲ့ အမေဒေါ်အောင်ဆန်းစုကြည်တို့ လိမ္မာ ပါးနပ်စွာ ကိုင်တွယ်နိုင်ရပါလိမ့်မယ်...
    မစားရတဲ့ အမဲ သဲနဲ့ပက်လာနိုင်တယ်... တရုတ်က စီးပွားရေးနဲ့ ပတ်သက်ရင် ဘယ်သူမှရှောင်တာ အလွတ်ပေးတာ မဟုတ်ဘူး...
    ဥာဏ်နီဥာဏ်နက် အကုန်သုံးတယ်...

  1. Anonymous said... :

    တရုတ်ကုမ္ပဏီက တရားဥပဒေနဲ့ ခြိမ်းခြောက်နေတယ်၊ တို့ပြည်သူတွေကလည်း ခိုးကြောင် ခိုးဝှက် ခုပ်ခဲ့မှုနဲ့ ဒီကုမ္ပဏီကို ပြန်ပြီး တရားစွဲရမယ်၊ လျော်ကြေး ပြန်တောင်းရမယ်...။

  1. Anonymous said... :

    မှန်လိုက်တဲမှတ်ချက်လေးတွေ သဘောတူတယ်။တရုပ်လက်ချက်ကြောင့် မြန်မာပြည်က
    သဘာဝတန်ဖိုးတွေ ဘယ်လောက်ကုန်နေပြီလဲဆိုတာထည့်တွက်ရမယ်နော်။တရုပ်တွေက တစ်ရုပ်ဆိုတဲ့ အတိုင်း သူတို့အတွက်တစ်ဖို့
    ကိုသာကြည်တက်ကြတဲ့လူတွေ စိတ်နာတယ်ဟေ့။
    ဘ၀ဆက်တိုင်း တရုပ်နဲ့ဝေးပါစေလို့ ဆုတောင်းရတော့မယ်....

  1. Anonymous said... :

    သောက်တရုပ်

  1. မြန်ပြည်သား said... :

    မြစ်ဆုံဆည်းကြောင့် တရုတ်နဲ့ အတွင်းလူ ပူးပေါင်းပြီး သမ္မတကြီးဦးသိန်းစိန် နဲ့  အမေစုကို လုပ်ကြံနိုင်တယ်။ သတိထားပြီး ကာကွယ်ပေးကြပါ။ တစ်ယောက်ယောက် လုပ်ကြံခံရလျင် နိုင်ငံရေးရော ဒီမိုကရေစီရေးပါ ရှုပ်ရှက်ခက်သွားနိုင်တယ်။ ပြည်တွင်းမှလူများ သမ္မတကြီးနှင့်အမေစုကို ဝိုင်းဝန်းကာကွယ်ပေးကြပါ။

  1. Anonymous said... :

    ပြည်သူကို သောက်ဂရုမဆိုက်တဲ့ အာဏာရှင်အစိုးရတွေကို ဗီတိုအာဏာနဲ့ အကာအကွယ်ပေးပြီး အဲဒီနိုင်ငံတွေက အရင်းအမြစ်တွေကို တရုတ်ကြီးက ယူနေတာ တို့တစ်နိုင်တင်မကဘူး၊ အာဏာရှင်နိုင်ငံတိုင်းလိုလိုကပဲ၊ ဒါက ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ တရုတ်တွေရဲ့ သောက်ကျင့်ပဲ၊ ခုကြည့် လစ်ဗျားမှာလည်း အာဏာရှင်ကို ပေါင်းပြီး ရေနံတွေရယူနေခဲ့တာ၊ ခုတော့ နောက်တက်လာတဲ့ အစိုးရက တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကဒါဖီနဲ့ အတူ တိုင်းပြည်ကနေ မောင်းထုတ်ပစ်လိုက်ပြီ၊ အကယ်လို့ တရုတ်ကုမ္ပဏီက လျော်ကြေးအတွက် အတင်းအကျပ်ဖိအားပေးလာခဲ့လျင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရေနံပိုက်လိုင်း စီမံကိန်းကိုပါ ရပ်တန့်သွားအောင် ပြည်သူတွေအနဲ့ တောင်းဆိုပြီး လက်တုံ့ပြန်ကြရလိမ့်မယ်....။

  1. Anonymous said... :

    အသေ၀နံစ ဗာလနံ တဲ့ ...ခုမှတော့ ငိုမနေနဲ့တော့..

  1. Anonymous said... :

    အများပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းလိုက်တာဟာ စစ်အစိုးရရဲ့လိမ်လည်လှည့်ဖျား ပရိယာယ်ထုတ်တာပဲဖြစ်စေ ကြိုဆိုထောက်ခံပါတယ် တရုတ်တွေရဲ့ ကိုယ်ကျိုးစီးပွါးကြည့်ဝါဒအရ သူများနိုင်ငံ
    ဘာဖြစ်ဖြစ် ငါတို့ စွမ်းအင်ရတယ် အကျိုးရှိတယ်ဆိုပြီးရော လုပ်ခဲ့တဲ့ကိစ္စ ခုအချိန်မှာ ပြန်ပဲပေးလျှော်ရသည်ဖြစ်စေ ကြံ့ဖွံ့ အစိုးရရဲ့ လုပ်ရပ်ကို ဒီတခု ကို သဘောတူထောက်ခံပါတယ် ပြည်သူလူထုကြီးနဲ့အတူ
    နိုင်ငံရဲ့အခြားပြဿနာအခက်အခဲတွေဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ တိုင်းပြည်အလျှင်အမြန်တိုးတက်လာရေး ကိစ္စတွေကို အမြန်ဆုံး ရိုးသားစွာ မှန်ကန်စွာ သိက္ခာရှိစွာ ရေရှည်အကျိုးစီးပွားအတွက် ဖြေရှင်းဆောင်ရွက် နိုင်ခဲ့ရင်တော့ အလွန်ပဲ သင့်တော်မှာပါ။

  1. ဧရာဝတီကို ချစ်မြတ်နိုးသူ said... :

    မြန်မာပြည်သား ပြောတာကို ထောက်ခံတယ်။ ဦးသိန်းစိန် အရင်က ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ အခု ဧရာဝတီကိစ္စမှာတော့ လုံးဝထောက်ခံတယ်။ ဖြစ်နိုင်ရင် အသက်ပေးပြီးတောင် ကာကွယ်မယ်။ ဒါပဲ။ အခုကိစ္စမှာ လက်ရှိအစိုးရရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ပြည်သူတွေရယ် ညီညွတ်ကြရင် တရုတ်ကို ကြောက်စရာမလိုဘူး။ အားလုံးညီညွတ်ကြပါ။

  1. Anonymous said... :

    Chinese even could not handle their own citizens' affair. They should focus & work with their own citizens to develop their nation first to rule the whole world. Getting Unbalanced level from the majority people will be in Danger.

  1. Anonymous said... :

    dont care to chinese.....

  1. Anonymous said... :

    ဒါပဲလေ... တရုပ်က မြန်မာပြည်ကို ကာကွယ်ပေးနေတာ ချစ်လွန်းလို့ထင်နေတဲ့ စစ်အစိုးရလက်ထွက်တွေနားလည်ပါလေ... အချိန်တန်တော့လည်း သူ့ဇာတိရုပ်ပြတာပဲ မဟုတ်လား... ဒီတော့ ကိုယ်အချင်းချင်းညီညွတ်ဖို့ အချိန်တန်ပီ... တိုင်းရင်းသားပြည်သူ၊ ဒီမိုဘက်တော်သား၊ အစိုးရ၊ စစ်တပ် အားလုံး နားလည်နိုင်ပါစေ၊ ကိုယ်အားကိုယ်ကိုးပြီး စည်းလုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။

  1. Anonymous said... :

    ကိုမြန်မာပြည်သားရေ....

    ခင်ဗျားအတွေးနဲ့ကျွှန်တော်တထပ်တည်းတူနေပါလားဗျာ..။

  1. Anonymous said... :

    ဗိုလ်သိန်းစိန်က အ၇င်က စစ်သားကွ သူ့ဆရာတွေအပေါ်ကလုပ်ရင် မဆန့်ကျင်ရဲဘူး အခုက
    ပြည်သူသမတကြီးကွ ပြည်သူကိုလေးစားတယ်
    ပြည်သူ့သဘောထားအတိုင်းလုပ်တယ် ကိုယ်တိုင်းပြည်
    ကိုယ်ပိုင်တယ် မင်းတို့တရုပ်တွေကို ဘာဂရုစိုက်ရမှာလဲ

  1. Anonymous said... :

    သတိထားကြဗျို့၊ တရုတ်ဘက်ကိုလှည့်မသွားပါနဲ့။ သူတို့က စီးပွားရေးသမားတွေ။ မြန်မာပြည်အရေးတို့ သဘာဝပတ်ဝန်ကျင်အရေးတို့ကို သူတို့စိတ်မ၀င်စားဘူး။ ပြီးတော့ ဒါတွေက အားလုံးသဘောတူပြီးမှလုပ်တဲ့ကိစတွေပါ။ ဥပဒေအရ သူတို့ကအသာမှာရှိပါတယ်။ အစကတည်းက ချုပ်ထားတာကိုး။ ကိုယ့်နိုင်ငံကခေါင်းဆောင်တွေ အမြင်မရှိလို့ ဒီလိုဖြစ်ရတာပါ။
    တရုတ်က ကြိုက်တဲအစိုးရတက် အဆင်ပြေအောင်ပေါင်းမှာပဲ။ ကိုယ့်ဘက်ကနားမလည်လို့ ခံရတာ ခေါင်ဆောင်တွေညံလိုပါ။ သာသူစားစတမ်းပဲ။ မြန်မာတွေမခံချင်ရင် မညံအောင်ကြိုစာဖို့ပဲရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာတယ်နည်းတယ်။ စီးပွားရေးအမြင်မရှိကြဘူး။ အများစုက ကိုယ်အထူခံရင် အောက်ကနေပြန်အော်မယ်ဆိုတဲ့ အဆင့်အတန်းပဲရှိတယ်။ စိတ်မဆိုးကြပါနဲ့။ ကျွန်တော်တို့ ကိုယ့်အခြေအနေကို အမှန်အတိုင်းမြင်သင့်ပါတယ်။
    PFJ

  1. Min Thet San said... :

    Chinese SOBs are trying to make use of our precious natural resource for their national interest. Obviously, they're acting as if they are our masters. Go to hell with your foolish words, man. Be prepared to learn more painful lessons, China.

  1. Anonymous said... :

    အို ရော်ရလည်း ဘာမှပူစရာလိုဘူးးး......ရွှေရွှေနဲ့ကြိုင်ကြိုင့် မှာကူးတို့ခတွေ ဘီလျှံနဲ့ချီပြီးရှိတယ်......အဲဒါတွေပေးလိုက်....သူတို့တော့....ငရဲပြည်ကို လွပ်လွပ်လပ်လပ်သွားပါစေ....အဟဲ

  1. Anonymous said... :

    ရပ်လက်စနဲ့  ရှိသမျှ တရုတ်စီမံကိန်းတွေ ရပ်သွားအောင် ၀ိုင်းလုပ်ုကရင် မကောင်းဘူးလား။ အကုန်လုံးက ပတ်ဝန်းကျင်ထိခိုက်ပြီး ဒေသခံတွေ အကျိုးယုတ်တာချင်း အတူတူပါပဲ။ သယံဇာတဆိုတာ တရုတ်ကိုမရောင်းလည်း နိုင်ငံတကာကို ပါးရိုက်ရောင်းလို့ရတယ်။

    နိုင်ငံထဲမှာလည်း တရုတ်ပစည်းတွေကို သပိတ်မှောက်ကြရင်ကောင်းမယ်။ အဲဒါမှ အောက်တန်းစားတရုတ် မှတ်သွားမှာ။

  1. အောင်သူရိန် said... :

    အောက်ဆုံးက သူငယ်းချင်းပြောတာကို ထောက်ခံတယ် ပြည်တွင်းမှာရှိတဲ့ တရုတ်ထုတ်ကုန်အစုတ်တွေကို မဝယ်ကြဘဲ သပိတ်မှောက်ကြရအောင်။ တို့ကအစောကြီးကတည်းက တရုတ်ဆိုင်ဆိုရင်တောင် ဈေးမဝယ်ဘူး ။နောက်ဆိုရင် လုံးဝကင်းအောင်နေတော့မယ်။လုံးဝကိုပဲ တရုတ်ထုတ်ကုန်ဆိုရင် မဝယ်ကြနဲ့တော့ဟေ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved