မြေပုံမြို့နယ် ဂီရိဒဏ်ထိ မြင်ကွင်း

Saturday, October 30, 2010














ဧရာဝတီသတင်းထောက် ကိုခိုင်စိုး ရိုက်ကူးပေးပို့သည်။

ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ယနေ့အချိန်ထိ လူ ၁၆၀ ထက်မနည်းသေဆုံးခဲ့ပြီး အဆောက်အဦးများစွာ ပျက်စီးခဲ့ပါတယ်။ မြေပုံ ၊ မင်းပြား ၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်များတွင် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး အခုအခါ ၀မ်းရောဂါများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တသီးပုဂ္ဂလအလှူရှင်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကို အာဏာပိုင်တွေက သွားရောက်လှူဒါန်းမယ့်နေရာ ၊ လှူဒါန်းမယ့်ပစ္စည်းစာရင်းတွေကို တောင်းယူနေပါတယ်။ အချို့နေရာတွေမှာတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာနနဲ့ ကြံ့ဖွံ့တို့ကနေ တဆင့်ပေးလှူမှ လှူဒါန်းခွင့်ရတယ်လို့ အတည်မပြုရသေးတဲ့ သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။

ဂီရိဒဏ် အလူးအလဲခံခဲ့ရတဲ့ မြေပုံ ၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်တွေမှာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းကျင်းပဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက တောင်းဆိုထားတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီတောင်းဆိုချက်အပေါ် အခုချိန်ထိ တုန့်ပြန်မှု မရှိသေးပါဘူး။

1 comments :

  1. Anonymous said... :

    တစ်ကယ့်ကိုစိတ်မကောင်းဖြစ်မိတယ်ဗျာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved