ရွေးကောက်ပွဲ ကော်မရှင်ကို သတင်းထောက်တွေ ၀ိုင်း ရိုက်ပြီ

Tuesday, October 19, 2010

ဟုတ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေကို သတင်းထောက်တွေ ၀ိုင်း ရိုက်ကြပါပြီ။

သတင်းထောက်ဆိုတော့ ဓာတ်ပုံပဲ ရိုက်တာပေါ့။ ဒုတ်နဲ့ရိုက်တာတော့ ဘယ်ဟုတ်မလဲ။ သတင်းထောက် ဆိုတာ ခံရတဲ့ဘက်မှာချည်းပဲ။ ကျေးဇူးရှင်တွေက ရိုက်လိုက်၊ ရုပ်ရှင်မင်းသမီးက ပါးရိုက်လိုက်နဲ့ ခံနေရတာပါပဲ။

မဲပေးနေ့ မဲရုံဝန်းကျင်မှာ ဓာတ်ပုံ ရိုက်ခွင့် မရှိဘူး တဲ့။ ကော်မရှင် လူဂျီး အငြိမ်းစားဗိုလ်ချုပ်သိန်းစိုးရဲ့ မနေ့က ပြောစကားပါ။ မဲပေးမယ့် ပြည်သူတွေအတွက်ပါ တဲ့။ ပြည်သူကို ချစ်တတ်လိုက်တာလို့ ချီးကျူးရမတော့မလိုလို။

မဲရုံဝန်းကျင် ဓာတ်ပုံမရိုက်ရ ဆိုတော့ အင်း - တခုခုတော့ တခုခုပဲ


3 comments :

  1. Anonymous said... :

    ဧရာဝတီရယ် သတင်းမရှိရင်လဲ မတင်နဲ့ကွာ။ ပေါက်ကရတွေ လျှောက်ရေးနေရင် ဘယ်ကောင်းမလဲ။ အခုတလော ဧရာဝတီသတင်းတွေ ပေါက်ကရတွေချည်းပဲနော်

  1. Anonymous said... :

    စစ်ဗိုလ်ချုပ်တွေကို အကြံပြုချင်တာလေးတစ်ခုကတော့ ရွေးကောက်ပွဲမှာ ခင်ဗျားတို့ အလိုကျ လုပ်ချင်တိုင်း လုပ်နိုင်အောင် ရွေးကောက်ပွဲကို ညသန်းခေါင်အချိန် မီးပိတ် ကျင်းပကြရင် မကောင်းဘူးလား--

  1. Anonymous said... :

    စစ်ဗိုလ်ချုပ်တွေကို အကြံပြုချင်တာလေးတစ်ခုကတော့ ရွေးကောက်ပွဲမှာ ခင်ဗျားတို့ အလိုကျ လုပ်ချင်တိုင်း လုပ်နိုင်အောင် ရွေးကောက်ပွဲကို ညသန်းခေါင်အချိန် မီးပိတ် ကျင်းပကြရင် မကောင်းဘူးလား--

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved