ထိုင်းတွင် မြန်မာနိုင်ငံသား ၈၂ ဦး ဖမ်းဆီးခံရ

Monday, October 18, 2010


ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်မြို့နယ်တွင် တရားမ၀င် နေထိုင်နေသော မြန်မာနိုင်ငံသား ၈၂ ဦးကို ထိုင်းစစ်သားတွေက ဒီနေ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချုံဖော်ခရိုင်ကနေတဆင့် တခြားနေရာကို မသွားခင် အဲဒီဒေသမှာရှိတဲ့ စာသင်ကျောင်းတခုထဲမှာ အဖမ်းခံရတာဖြစ်ပြီး အမျိုးသား ၊ အမျိုးသမီးတွေအပြင် ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ရေးထားပါတယ်။

ဒီမြန်မာပြည်သားတွေဟာ ရနောင်းမှ လာကြတာဖြစ်ပြီး အခု သူတို့အားလုံးကို ရနောင်းမြို့နယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကနေ တဆင့် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ သိရပါတယ်။
photo; www.mcot.net

သန်းထိုက်ဦး

1 comments :

  1. Unknown said... :

    မျှော်စင်ကျွန်းအငြိမ့်တုန်းက ကိုကင်းကောင်း အော်သလိုသာအော်လိုက်ချင်တယ်။
    ဗမာကွ...ဗမာ...အဲဒါ ဗမာကွ...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved