![](http://1.bp.blogspot.com/_ECyTBHQWGEA/TL-9iYf-OpI/AAAAAAAAACM/O6FnA2wjaNk/s320/66054_167404046609757_100000204893008_621510_6552674_n.jpg)
ဒီနေ့ အလံဟောင်းကိုဖြုတ် အလံသစ်တင်မယ့် အခမ်းအနားမှာ အင်္ဂါသားသမီးတွေက အလံဟောင်းကို ဖြုတ်ပြီး ဗုဒ္ဓဟူးသားသမီးတွေက အလံသစ်ကို တင်ရမယ်တဲ့။ တင်မယ့်အချိန်က ညနေ ၃ နာရီ ဆိုတော့ ၃ ဂဏန်းက အင်္ဂါပါပဲ။ ဒါ့အပြင် အလံဟောင်းတွေ အားလုံးကို မီးရှို့ မြေမြှုပ်တဲ့အခမ်းအနားလည်း လုပ်ဦးမယ် ပြောပါတယ်။ လုပ်မယ့်အချိန်ကလည်း ညနေ ၃ နာရီပါပဲ။ မီးရှို့တော့ ဘာဖြစ်မလဲဆိုတော့ ညှော်ကြမှာပေါ့နော်။ မြေမြှုပ်တော့ကော ... တွင်းတူးရတဲ့သူတွေ လက်ညောင်းမှာပေါ့။ ကြည့်ရတာ ချိုကုပ်ဒူးကြီးက အိပ်မက်ထဲမှာ မီးရှို့မြေမြှုပ်ခံရတယ်လို့ အိပ်မက်ဆိုးတွေ မက်ပုံရတယ်။ သနားပါတယ်နော် (အလံဟောင်းလေးတွေ ပြောပါတယ်)
Yin Nar dal Byar