မန္တလေးတွင် မီးလောင်

Wednesday, October 27, 2010

မန္တလေး အောင်မြေသာဇံမြို့နယ်တွင် ယနေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းအပြည့်အစုံ ရရှိနိုင်ရန် ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပါသည်။

နောက်ဆက်တွဲသတင်း

အောင်မြေသာဇံမြို့နယ် ၂၂လမ်းနှင့်၂၃လမ်းကြား ၊ ၈၅လမ်းနှင့်၈၆လမ်းကြားရှိ ပုလင်းဝင်းအတွင်း ယမန်နေ့ညနေ ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း နေအိမ် ၂၂ လုံး မီးသင့်ခဲ့ပြီး ၁၂ လုံးမှာ လုံးဝလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါမီးကြောင့် ကလေးငယ် ၂ ဦးလည်း သေဆုံးခဲ့ကြောင်း ထပ်မံသတင်းရရှိသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved