လိပ်ကျော ကြောင်ကော် ... ပြောင်ချော်ချော်နှင့်

Saturday, October 16, 2010


ဒါကတော့ ကြံ့ဖွံ့ပါတီကို မဲပေးကြဖို့ မဲဆွယ်ချင်တဲ့ ခြေဆင်းပါပဲ။

စစ်အစိုးရလက်ထက်မှာ တိုင်းပြည် တည်ငြိမ် အေးချမ်း ပါရဲ့လား - (NO - လူထုက မကျေနပ်လို့ အသံတိတ်ဆူ၊ တိုင်းရင်းသားတွေက ဖိနှိပ်ခံရလို့ ပူ)

ဖွံ့ဖြိုး၊ လူတဦးချင်း၊ မိသား တစုချင်း လူမှု စီးပွား ဘဝ တိုးတက်ပါရဲ့လား - (NO - မြန်မာပြည် ပိုပြီး မွဲတေ၊ ကားဈေး၊ မိုဘိုင်းဖုန်းဈေးတွေက ကမ္ဘာ့ အံ့ဖွယ် ကြီးမား၊ ရေမလာ၊ မီးပျက်)

ပြည်သူများ လိုလားသည့် ဥပဒေနှင့် အညီ လွတ်လပ်စွာ ... - (NO - ဥပဒေအထက်တွင် ဗိုလ်ချုပ်ကြီးများသာရှိ၊ ကိုယ့်ရပိုင်ခွင့်ကို တောင်းဆိုသူတွေ ထောင်ထဲမှာ အပြည့်)

ဒါဆိုရင် ပြန်ကြားရေးဝန် ဦးကျော်ဆန်းက ဒီလို ပြောပြီး မဲဆွယ်နေတာ ရှေ့ကဖုံး နောက်က ပေါ်ပေါ့။

စစ်အစိုးရက သူတို့ ဂါထာတွေ မန်းမှုတ်တဲ့ အတိုင်း ဘာတခုမှ မလုပ်နိုင်တဲ့နောက် ကြံ့ဖွံ့ပါတီဆိုတာကြီးကရော မဲထည့်ချင်စရာ ကောင်းသေးရဲ့လား။

သူတို့က သူတို့အထုပ် သူတို့ ဖြည်ပြတော့လည်း ကွင်းကနဲ ကွက်ကနဲ မြင်ရတာပေါ့လေ။

မှန်ကန်စွာ ဆုံးဖြတ် ရွေးချယ်ရမယ်ဆိုတော့ ကြံ့ဖွံ့ပါတီကို စဉ်းစားစရာတောင် မလိုပါ။ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဗိုလ်ချွတ်ကြီးများသာ ကိုယ့်ဖာသာ သဘောပေါက်ဖို့ပဲ လိုပါတော့တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved