စာသင်ကျောင်း၊ ဆေးရုံတွေ တိတ်ဆိတ်သွားတဲ့ ဒေသတွေ

Friday, October 8, 2010

ခေါင်းလောင်းသံ မညံ၊ စာအံသံ မကြားရတော့သည့် စာသင်ကျောင်း။ (ဓာတ်ပုံ - ဧရာဝတီ)


မျှော်မှန်းချက်နဲ့ ကွာဟနေတဲ့ လက်တွေ့ (ဓာတ်ပုံ - ဧရာဝတီ)


ဖရိုဖရဲ ကျန်ရစ်သော ပစ္စည်းများ။ (ဓာတ်ပုံ - ဧရာဝတီ)


ငြိမ်းချမ်းရေးကို အာမခံချက် မပေးနိုင်သေးသည့် ငြိမ်ချမ်းရေး အထိမ်းအမှတ် ကျောက်တိုင်။ (ဓာတ်ပုံ - ဧရာဝတီ)


ဆိုင်းဘုတ်ကိုပါ ဖြုတ်ချပြီး “အားလပ်ရက်” ထွက်သွားကြသည်။ (ဓာတ်ပုံ - ဧရာဝတီ)



အကုန်ကျိုးပဲ့ ပျက်စီးလျက် ကျန်ခဲ့သည်။ (ဓာတ်ပုံ - ဧရာဝတီ)

ဘာမှ မပြန်ကြားနိုင်တော့တဲ့ ပြန်ကြားရေး (ဓာတ်ပုံ - ဧရာဝတီ)


ရှမ်းပြည်မြောက်ပိုင်းမှာ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ကတော့ နအဖ စစ်အစိုးရကို ရေရေလည်လည် စိတ်ဆိုးနေပါတယ်။

စစ်အစိုးရက မိုင်းလားနဲ့ ပန်ဆန်းမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ စိုက်ပျိုးရေး စတဲ့ ဌာနတွေက အစိုးရဝန်ထမ်း ၁၀၀ ကျော်ကို အားလပ်ရက်ဆိုပြီး ပြီးခဲ့တဲ့ မတ်လကတည်းက ပြန်ခေါ်ယူလိုက်ပါတယ်။

ဝန်ထမ်းတွေက အဲဒီဒေသက ပြန်လည် ထွက်ခွာရာမှာ ဌာနသုံး ပစ္စည်းပစ္စယတွေ အခု ပုံတွေမှာ တွေ့တဲ့အတိုင်း အကုန်ပြန်“မ”သွားလို့ ကျန်ရစ်တဲ့ ဝတွေ ဒေါသထွက်နေကြတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved