ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဆင်

Wednesday, October 6, 2010




ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေကြောင်း မိုးလေ၀သက ကြေညာထားသည်။

ထူးခြားတာကတော့ တမိုးတွင်းလုံး မဖြစ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် မုန်တိုင်းတွေဟာ အခုဆိုရင် စတင်ဖြစ်ဖို့ အလားအလားတွေ ပြနေကြပါပြီ။ (၅-၁၀-၂၀၁၀) ရက်နေ့ကတည်းက ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု စတင်ဖြစ်လာရာက အခုဆိုရင် မုန်တိုင်းငယ်တခုအဖြစ် မကြာမီ ကြေညာနိုင်တာ့မှာ ဖြစ်ပါတယ်။

မနေ့ နေ့ခင်းပိုင်းက 10.0°N 88.0°E ကို ဗဟိုပြုနေရာက မနေ့ည ၉ နာရီခွဲအချိန်မှာတော့ 13.2°N 85.2°E ကို ရောက်ရှိလာကာ အန္ဒိယနိုင်ငံ ကာလကတ္တား (Calcutta) မြို့ရဲ့ အနောက်တောင်ဖက် မိုင် (၅၅၀) အကွာ ပင်လယ်ပြင်ပေါ် မှာတည်ရှိနေပါတယ်။

ဒီလေထုမငြိမ်သက်မှု ဧရိယာဟာ ဆက်လက်ပြီး မုန်တိုင်းများကို အားမြှင့်တင်ပေးတတ်တဲ့ (လေရွဲ့စောင်းမှုနည်းတဲ့) ဒေသတစ်ခုဆီကို မကြာမီ ရောက်ရှိသွားတော့မှာ ဖြစ်နေလို့ မုန်တိုင်းငယ်တခုအဖြစ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက် ဒေသတွေထဲမှာ cloud top temperatures တွေ -50°C ကနေ -70°C လောက်အထိ အပူချိန်တွေ ကျဆင်းလောက်အာင် မြင့်မားနေတဲ့ မိုးတိမ်တောင်ကြိးတွေ စီတန်းဖြစ်နေတာတွေကလည်း မုန်တိုင်းငယ်အတွက် အရန်အင်အားတွေ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒီမုန်တိုင်းသာဖြစ်ခဲ့ရင် ဒါဟာ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယမြောက် မုန်တိုင်း ဖြစ်လာပါလိမ့်မယ်။ တိမ်စွယ်တန်းတွေ အနေအရရော၊ ရာသီကာလအရရော ဒီမုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်ကွေ့လာမှာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မုန်တိုင်းအခြေအနေတွေကို MVVW က အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

www.tunlwin.com

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved