ဒက်စမွန် တူးတူး မြန်မာအရေးကို ဆက်လှုပ်ရှားမည်

Saturday, October 9, 2010

ဒက်စမွန် တူးတူးနဲ့ မာရီလင်း

ပြီးခဲ့တဲ့ ကြာသပတေးနေ့ (အောက်တိုဘာ ၇ ရက်နေ့မှာ) အသက် ၇၉ နှစ်ပြည့်ခဲ့တဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက သူဟာ တက်ကြွလှုပ်ရှားမှုတွေကို လျှော့ချတော့မယ်ဆိုပေမယ့် မြန်မာပြည် လွတ်လပ်ရေးအတွက် သူ့ရဲ့ထောက်ခံမှုနဲ့ ရပ်တည်မှုတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Free Burma Campaign က ကိုယ်စားလှယ်တဦးဖြစ်တဲ့ မာရီလင်း (Marilyn) နဲ့ တွေ့ဆုံမေးမြန်းစဉ်မှာ အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။ မာရီလင်းဟာ ကိပ်တောင်းမြို့မှာရှိတဲ့ မြန်မာများအတူ ဒက်စ်မွန် တူးတူးကို သွားရောက် တွေ့ဆုံခဲ့တာပါ။

မြန်မာပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ရေး တောင်းဆိုမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ၂၀၀၇ မှာ တင်ပြချက်ကို တောင်အာဖရိကက ပယ်ချဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒက်စ်မွန် တူးတူးဟာ စိတ်အကြီးအကျယ် ပျက်ခဲ့ပါတယ်။

ဒက်စ်မွန် တူးတူးဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း အများကြီး စာနာ နားလည်ခဲ့သူပါ။

တောင်အာဖရိကမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းက ဒက်စမွန် တူးတူးရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောခဲ့ကြပါတယ်။

(Lee-anne Sweeney ရဲ့ Struggle Carry On: Archbishop will not rest in his support for the cause of the “Free Burma” after his retirement from public life ကို ကိုးကားပြီး ရေးသားဖော်ပြတာပါ။ Lee-anne Sweeney က ကလောင်အမည်ဝှက်ဖြစ်ပြီး မြန်မာပြည်မှာ မွေးဖွားကာ တောင်အာဖရိကမှာ ကြီးပြင်း၊ ပညာသင်ယူခဲ့သူ တယောက်ဖြစ်ပါတယ်။)

1 comments :

  1. Anonymous said... :

    Warmly Welcome To Our Golden Land Myanmar. dun be hit out of our country pls........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved