I don't know

Thursday, October 28, 2010

စလုံး နိုင်ငံခြားရေး ၀န်ကြီး George Yeo နဲ့ အပြုံးချင်း ဖလှယ်နေတာကတော့ ကြံ့ဖွံ့ ၀န်ကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဗီယက်နမ် အာဆီယံပွဲမှာ မနေ့က ရိုက်ထားတဲ့ AFP သတင်းဌာနရဲ့ ပုံပါ။
ဘယ့်နှယ်လဲ ချစ်စရာ မကောင်းဘူးလား။
အင်းပါ၊ ဟုတ်ပါတယ်၊ နောက်က အမျိုးသမီးကို ပြောတာပါး)

နိုင်ငံတကာ ဆွေးနွေးပွဲ တက်ပြီ ဆိုတော့ ၀န်ကြီးခမျာ မေးခွန်းတွေနဲ့ ရင်ဆိုင်ရတ
ာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့လထဲ တကယ်လွှတ်ပေးမှာလား ဆိုတဲ့ မေးခွန်းကို ဦးဉာဏ်ဝင်းက သူ ရေစစ္စရီ လုပ်ထားတဲ့ စကားလုံး သုံးပြီး ပြန်ဖြေတယ်လို့ ဆိုပါတယ်။
ဝန်ကြီး သုံးလိုက်တဲ့ စကားလုံးကတော့ I don't know ဖြစ်ပါတယ် တဲ့။ သွပ် - သွပ် - သွပ်
------------------------------------------------

အောက်ကပုံကတော့ AP က ရိုက်လိုက်တဲ့ ပုံပါ။ မနေ့က ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပဲ။ ဟုတ်ပါတယ် ဒီပုံထဲကလူဟာ သွားလေသူ မြို့တော်ဝန် ဦးအောင်သိန်းလင်း ဖြစ်ပါတယ်။ ဘောင်းဘီဝတ် ဗိုလ်မှူးချုပ် ဘ၀ကနေ ကြံဖွံ့အမတ်လောင်း ဦးအောင်သိန်းလင်း ဖြစ်သွားလေသူ ကို ဆိုလိုတာပါ။ သွားလေသူ ဆိုတဲ့ စကားလုံးကြောင့် ၀မ်းနည်းဝမ်းသာ မဖြစ်ကြပါနဲ့အုံး)

သူ့အကြည့်က ၀ါးမယ် စားမယ် ဆိုတဲ့ အကြည့်မျိုး ထင်တယ်။
ဝါးမယ် စားမယ် ဆိုတာ အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်တာကို ပြောတာ မဟုတ်ပါဘူး၊ မေးခွန်းထုတ်တဲ့ သတင်းထောက်ကို အမှုန့်ကြိတ်ပစ်မယ်၊ ကြိတ်လို့ မရရင် ၀ါးစားပစ်မယ် ဆိုတဲ့ အကြည့်နဲ့ တူတယ်လို့ ပြောတာပါ။

ရယ်စရာ ကောင်းတာက ဒီဆရာကို သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းတွေ ဖြေဖို့ တာဝန်ပေးတဲ့ကိစ္စပဲ။ အမြှော်အမြင် ကြီးပါပေ့ ချိုကုပ်ဒူးကြီးရယ်။ ဦးအောင်သိန်းလင်းက နိုင်ငံရေးသမား လုပ်လို့ မရသေးဘူး ဆိုတာ အခုလောက်ဆို ချိုကုပ်ဒူးကြီးဆီ အစီရင်ခံစာတွေ တက်လောက်ပြီ ထင်ပါရဲ့။

မလိမ်တတ်ဘူး ဆိုပဲ ဒီဆရာက။

ကြံ့ဖွံ့ ဆိုင်းဘုတ်ထောင်ပြီး လမ်းခင်းတာက နိုင်ငံပိုင်ငွေနဲ့  ခင်းသလား၊ ကြံ့ဖွံ့ငွေနဲ့ ခင်းသလား ဆိုတဲ့ မေးခွန်းကို "မဖြေနိုင်ဘူး"လို့ မစ္စတာအောင်သိန်းလင်းက ပြောလိုက်တယ်လို့ ဘီဘီစီသတင်းမှာ နားထောင်လိုက်ရပါတယ်။ ဒီလိုဖြေမယ်ဆိုရင်လည်း အစကအတည်းက ရှင်းလင်းပွဲ မလုပ်နဲ့ပေါ့၊ မဟုတ်ဘူးလား။

ကြံ့ဖွံ့ကလမ်းခင်းတယ်ဆိုပြီး ကျောက်တိုင်တွေ ဆိုင်းဘုတ်တွေ ဘာကြောင့် စိုက်ရသလဲ လို့ ထပ်မေးတော့ အဲဒီလမ်းကို သွားမေးဖို့ မြို့တော်ဝန်က ပြန်ဖြေပါသတဲ့။

မြို့တော်ဝန်ရဲ့ဖြေနည်းတွေက မော်ဒန်ပါပဲ လို့ ဖေးဖေးမမ ပြောရမလား၊ ပေါကြောင်ကြောင်လို့ ပွင့်ပွင့်လင်းလင်း ပြောရမလား မသိတော့ပါဘူး။

ဒီ ဓာတ်ပုံ ၂ ပုံအကြောင်း လက်ဆော့ထားတဲ့ ဒီစာကို ရယ်စရာအဖြစ် သတ်မှတ်ပြီး ဟာသ ဆိုတဲ့ Labels တပ်မှာပါ။ ဒီစာက မရယ်ရဘူး ဆိုရင်တော့ အောက်က အပြောင်းအလဲတွေ လုပ်တဲ့ ဗိုလ် သန်းရွှေ အတွက် ကြောင်ရုပ်လေးပေးတဲ့ အကြံ ကို နားထောင်လိုက်ပါ။ အမှန်တကယ် ရယ်ရမှာဖြစ်ကြောင်း အာမခံပါတယ်း) :D

နားထောင်ပြီးပြီ ဆိုရင်လည်း ထပ်နားထောင်ဖို့ တိုက်တွန်းပါတယ်။ သေချာပေါက် ထပ်ပြီး ရယ်ရပါစေ့မယ်း)
--------------------------------------------------

1 comments :

  1. Unknown said... :

    ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘာမှမသိ မတတ်တဲ့ အလုပ်ဝင်စ တရုတ် အင်ဂျင်နီယာတစ်ယောက်ရှိတယ်ဗျ။
    ဘာမေးမေးမသိလို့ သူ့က အားလုံးက Mr. I don't know လို့ပဲခေါ်ကြတယ်။ သူကလည်းကြေကြေနပ်နပ်ပဲ လက်ခံတယ်။
    အပေါ်က ပုဂ္ဂိုလ်တွေကိုလည်း အဲဒီနာမည်နဲသင့်တော်ပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved