IC ပွဲ လက်မှတ် ဘာလို့ ဈေးကြီးရတာလဲ ........

Thursday, October 7, 2010

စက်တင်ဘာ ၄ ရက်နေ့ Sedona Hotel မှာ လုပ်ခဲ့တဲ့ Iron Cross Music Concert မှာ လက်မှတ်တစောင်ကို ကျပ် ၂၀၀၀၀၊ ၃၀၀၀၀ နဲ့ ရောင်းချခဲ့တာကြောင့် IC ကို ကြိုက်ပေမယ့် ဈေးကြီးလို့ လာမကြည့် နိုင်တဲ့ ပရိသတ်တွေများတယ်လို့ ဒီပွဲကို သွားသတင်းယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ပြောပါတယ်။

ဒီလို ဈေးတက်သွားရတဲ့ အကြောင်းရင်းကို မေးကြည့်တော့ IC အဖွဲ့ က ပြီးခဲ့တဲ့ တနှစ်လုံးမှာ Apline နဲ့ တောက်လျှောက် စာချုပ်ချုပ်ပြီး လုပ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဦးတေဇ ပိုင် Bagan Entertainment နဲ့ ပြောင်းပြီး စာချုပ်ချုပ်လိုက်တဲ့ နောက်မှာ ဒီလို ဈေးတွေ တော်တော် ထိုးတက်သွားတယ်လို့ သူက ပြောပြပါတယ်။

IC အဖွဲ့က ဈေးတက်ပြီး အနုပညာကြေး ယူတာမဟုတ်ဘဲ ပွဲစီစဉ်ပေးတဲ့ Bagan Entertainment က လက်မှတ်ဈေးနှုန်းတွေ မြှင့်ယူတာလို့လည်း သူကပြောဆိုပါတယ်။

ဒီနှစ်အတွင်းမှာ ကျင်းပမယ့် IC ပွဲ ၂၅ ပွဲ ဖျော်ဖြေဖို့ လျာထားပြီး Bagan Entertainment ကပဲ စီစဉ်ပေးမှာ ဖြစ်လို့ လက်မှတ်ဈေးတွေ ဒီလိုသာ ကြီးနေမယ်ဆိုရင် IC ပရိတ်သတ်အတွက် အခက်အခဲ ဖြစ်စေတယ်လို့ IC ကြိုက် ပရိတ်သတ်တဦးက ပြောပါတယ်။

“လူသန့်ချင်လို့ ဈေးတက်တယ်ပဲ ပြောပြော၊ အနုပညာရှင်တွေ သူတို့ စားဝတ်နေရေးအတွက် ဒီလို တိုးယူရတယ်ပဲ ဆိုဆို ဒီတိုင်းဆက်သွားမယ်ဆို IC ပရိတ်သတ်တွေ တော်တော်လျော့သွားမှာ သေချာတယ်” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြုလုပ်သွားတဲ့ နာဂစ် ရန်ပုံငွေပွဲမှာ IC ပွဲလက်မှတ် တစောင်ကို ၁၀၀၀၀ နဲ့ ရောင်းချခဲ့တာတောင် IC ပရိသတ်တွေအတွက် အခက်အခဲ ဖြစ်ပေမယ့် နာဂစ် ရန်ပုံငွေပွဲ ဖြစ်တာကြောင့် သုဝဏ္ဏမိုးလုံလေလုံ ခန်းမထဲ ပြည့်အောင် အားပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ နှစ်ထဲမှာ ကျင်းပခဲ့တဲ့ IC ပွဲရဲ့ လက်မှတ်ဈေးနှုန်းက ပုံမှန် ၅၀၀၀၊ ၆၀၀၀ ကနေ ခုလို ၃ ဆ လောက် တက်သွားတာက မြန်မာပြည်တွင်းက IC ချစ် ပရိတ်သတ်တွေကြားမှာ တော်တော် ပွဲဆူနေစေတယ်လို့ ကြားသိရပါတယ်။

အမျိုးသမီးအဆိုတော် တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက သူမရဲ့ တကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ၉ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်တစောင် ကို ဈေးနှုန်း ကျပ် ၁၀၀၀၀၊ ၂၀၀၀၀ ရောင်းချနေတာမို့ နောက်ဆို ဂီတ ဖျော်ဖြေပွဲတွေဟာ ငွေကြေးတတ်နိုင်သူတွေကြည့်ရတဲ့ သီးသန့်ပွဲတွေလို ဖြစ်လာမလားလို့ ဆိုရပါမယ်။

နရီလင်းလက်

4 comments :

  1. Anonymous said... :

    IC တေဇ လက်အောက်ရောက်သွား ပြန်ပြီ..

  1. Anonymous said... :

    ကြည့်ရတာလူသန့်သွားတာပေါ့။

  1. ပွကြီး said... :

    လက်မှတ်ဈေးကြီးတဲ့အတွက် စိတ်မညစ်နဲ့။ ရွေးကောက်ပွဲပြီးရင် နအဖက ပျော်ပွဲရွှင်ပွဲတွေကို ပြည်သူကိုအာရုံပြောင်းတဲ့အနေနဲ့ ခြိမ့်ခြိမ့်သဲ လုပ်အုံးမှာ။ အဲဒီမှာ ခင်ဗျားတို့၊ ကျွန်တော်တို့ရဲ့ ICဟာ ကန်ထရိုက်တာရဲ့အစီအစဉ်အရ ဗလာပွဲအနေနဲ့ အခမဲ့ကို ဖျော်ဖြေပေးလိမ့်မယ်၊ ကြည့်နေ။..

  1. Poe Gauk said... :

    IC လည်း Bullshit!!!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved