ဗိုက်ဆာနေပြီ

Thursday, October 7, 2010

Y2K ကို ဖြတ်သန်းအပြီး မြန်မာပြည်ခေတ်ပြိုင်ဂီတ မြင်ကွင်းမှာ ဟစ်ဟော့နဲ့ အော်လ်တာနေးတစ်ဗ် ရော့ခ်ဝိုင်းတွေ အပြိုင်းအရိုင်း ထိုးထွက်လာကြတယ်။ ပရိသတ်ကလည်း လူငယ်ဂီတ အုပ်စုအသီးသီးရဲ့ စည်းချက်တွေပေါ် စီးမျောကြတယ်။

ကျနော့်ကို လာရိုက်ခတ်တဲ့အထဲမှာ “မြေပဲယို”လည်းပါတယ်။ ၂၀၀၃ မှာထွက်တဲ့ “မူကြို” စီးရီးထဲက
“ ဗိုက်ဆာနေပြီ” သီချင်းဟာ သူတို့ရဲ့ ခေတ်ပြိုင်လူငယ်ဘ၀ကို ကောင်းကောင်း ထင်ဟပ်ပြနေတယ်။
ဒါကြောင့် “Mic is Mightier Than Sword” ကို ရေးတဲ့အခါ Reference အဖြစ် ထည့်သုံးလိုက်တယ်။

ဗိုက်ဆာပေမယ့် လိပ်ပြာလှတဲ့ အနုပညာသမားဘ၀ကို စာနာနားလည် လေးစားမြတ်နိုး တန်ဖိုးထားပါတယ်။ ဗိုက်ပြည့်ပြီး လိပ်ပြာမလုံတဲ့ ဘ၀က ကင်းလွတ်လို့ ဗိုက်လည်းဝ သိက္ခာလည်းလှမယ့် နေ့သစ်တွေ အမြန်ဆုံးရနိုင်ကြဖို့ကို ရည်မျှော်ပါတယ်။




ရဲနည်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved