The Voice of Hope - Burma's Aung San Suu Kyi

Friday, October 8, 2010

၁၉၉၅ ခုနှစ်မှာ အမေရိကန် ဂျာနယ်လစ်တဦးဖြစ်တဲ့ အလန် ကလီးမန့်စ် (Alan Clements) ဟာ ၆ လလောက် အချိန်ယူပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အဲဒီမှတ်တမ်းတင်ချက်တွေဟာ The Voice of Hope (မျှော်လင့်ခြင်းရဲ့ အသံ) ဆိုပြီး စာအုပ်အဖြစ် မြင်တွေ့ကြရပါတယ်။

အခုတော့ အဲဒီမှတ်တမ်းတင်ထားတဲ့ The Voice of hope ကို Audio Book (အသံထွက် စာအုပ်) အဖြစ် တကမ္ဘာလုံးကို ဖြန့်လိုက်ပါပြီ။

The Voice of Hope ဟာ တကမ္ဘာလုံးက ကြားသင့်၊ နားထောင်သင့်တဲ့ သတင်းစကားပါ လို့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာက မှတ်ချက်ပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ လွှတ်မှာ သေချာပါတယ်လို့ သတင်းတွေတော့ ထွက်နေပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved