7Day ဂျာနယ် ထုတ်ဝေခွင့် တပတ်အပိတ်ခံရ

Sunday, November 21, 2010

ဒေါ်အောင်ဆန်းစုကြည် ပုံကို စာမျက်နှာပြည့်ဖော်ပြခဲ့သည့် 7Day ဂျာနယ် ထုတ်ဝေခွင့် တပတ်ရပ်ဆိုင်းခံလိုက်ရကြောင်း ရန်ကုန် စာနယ်ဇင်းသမားများက ပြောသည်။

"အဲဒီတိုက်က အယ်ဒီတာကို စာပေစိစစ်ရေးက ခေါ်တွေ့ပြီး သုံးပတ်နားဖို့ ပြောတာ။ စိစစ်ရေးက ဖော်ပြခွင့်ပြုခဲ့လို့ ဖော်ပြတာပါ ဘာညာ ပြောမှ တပတ်နားလို့ ဆုံးဖြတ်ပေးလိုက်တယ်လို့ ကြားတယ်"ဟု မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံကို ထည့်သွင်းဖော်ပြခဲ့သော အခြားဂျာနယ်များကိုလည်း ရပ်နားခိုင်းသည့် သတင်းများပေါ်ထွက်နေသော်လည်း အတည်ပြု၍ မရသေးပေ။

"ဒီမှာက သူတို့ စိစစ်ပြီးလို့ ဖော်ပြရတာကိုလည်း အထက်က သဘောမကျရင် မဂ္ဂဇင်း ၊ ဂျာနယ်တွေက ရပ်ပေးရတာပဲ။ စိစစ်ရေးရှိနေပေမယ့် စိစစ်ရေးကိုယ်တိုင်ကိုက သြဇာအာဏာမရှိဘူး။ မဂ္ဂဇင်း ဂျာနယ်မှာပါသွားတာကိုတွေ့လို့ အထက်က ဖိရင် စိစစ်ရေးက ကျနော်တို့ကို ပြန်ဖိတော့တာပဲ"ဟု မဂ္ဂဇင်း အယ်ဒီတာက ဆက်လက် ပြောဆိုသည်။

“ စုလွတ်ပြီ၊ စည်းလုံးခြင်းနှင့် မျှော်လင့်ချက် ပန်းတိုင်ကို တက်လှမ်းကြစို့ ” ဟု အဓိပ္ပာယ်ရသော အင်္ဂလိပ်စာသားကို ဘောလုံးအကြောင်းတွင် ကြားညှပ်ဖော်ပြခဲ့သည့် first eleven ဂျာနယ်ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းခဲ့သည်။

3 comments :

  1. Anonymous said... :

    ရွေးကောက်ပွဲပြီးလည်း ဒီမိုကရေစီ မရပါဘူးဆိုတာ ဒီအသေးအမွှားလေက စသက်သေပြပြီလေ

  1. Anonymous said... :

    အဲဒါပဲ မြန်မာပြည်ရဲ့ စစ်အစိုးအောက်က ဒီမိုကရေစီဆိုတာ မှတ်ထားကြဟေ့။ဒီကောင်းတွေအုပ်စိုးနေသမျှ ဒီလိုပဲ ဖြစ်နေမှာပဲ။စစ်အာဏာရှင် စစ်နစ်ကို စုပေါင်းတွန်းလှန် ဖြိုးလှဲဖို့ အချိန်တန်ပြီ။ချုပ်ခြယ်မှုအောက်က လွတ်မြောက်ကြပါစေ။

  1. ဖိုးထောင် said... :

    ပြည်သူ့ပုံရိပ်ကိုမမြင်လိုတဲ့  စစ်အစိုးရကတော့ ပြည်သူ့ ပုံရိပ်ကိုအမြဲတမ်း ချိုးနှိမ်နေမှာဘဲ ။ ပြည်သူ၊ပြည်သားတို့ရေ ကိုယ့်ပြည်သာယာဖို့  ကျပ်မပြည့်တဲ့ ဖွတ် စစ်အစိုးရကို မောင်းထုတ်ကြစို့ ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved