သတင်းထောက်များအတွက် လိုလိုမယ်မယ်

Wednesday, November 3, 2010


နိုဝင်ဘာ ၇ ဟာ
အာဏာသက် ဆွဲဆန့်လိုသူတွေအတွက်
ရက်ရာဇာ ဖြစ်မယ်။

ရန်ကုန်က သတင်းထောက်တွေအတွက်တော့
ပြဿဒါး ဖြစ်နိုင်တယ်။

မဲရုံနဲ့ ပေ ၁၅၀ အတွင်း မ၀င်ရ လို့
ဥပဒေ ဥပဒက် ထုတ်ထား ဆိုပဲ။

နိုဝင်ဘာ ၇ ရက်နေ့ ရန်ကုန်ဟာ
လုံထိန်းတွေနဲ့ ပြည့်နေလိမ့်မယ်။

ပြည်ခိုင်ဖြိုးကလည်း လက်ယဉ်ပြီးသား။

ရန်ကုန်ဟာ "စွမ်းအားရှင်" တို့ရဲ့ ဘူမိနက်သန်လည်း ဖြစ်တယ်။

ဒီတော့ - ရန်ကုန်က သတင်းထောက် ရဲဘော်တို့ဟာ
နိုဝင်ဘာ ၇ ရက်နေ့မှာ
ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားသင့်တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved