မြ၀တီတိုက်ပွဲ လတ်တလော အခြေအနေ

Tuesday, November 9, 2010


ယမန်နေ့က မဲဆောက်ဘက်သို့ ပြောင်းရွှေ့လာသည့် မြ၀တီမြို့ခံများ

ဒီကနေ့ မနက်ခင်းပိုင်းမှာ မြ၀တီမြို့အတွင်း သေနတ်သံ ကြိုးကြားကြိုးကြား ကြားနေရဆဲဖြစ်ကြောင်း မဲဆောက်ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ထိုင်းအာဏာပိုင်တွေကတော့ ၉ နာရီလောက်ကစပြီး စစ်ပြေးဒုက္ခသည်တွေကို မြ၀တီမြို့ဘက် ပြန်ပို့နေတယ်လို့လည်း သိရပါတယ်။ မနေ့မနက်ပိုင်းကစတင်ဖြစ်ပွားခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ DKBA တပ်တွေနဲ့ နအဖစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့လို့ မြ၀တီဒေသခံ ၄၀၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ရောက်ရှိနေခဲ့ကြတာပါ။

မြ၀တီမြို့ပေါ်တိုက်ပွဲကြောင့် မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက် ကိုသိန်းထွန်း သေနတ်ထိမှန်ခဲ့ပြီး အရေးပေါ်ကုသဆောင်မှာ တင်ထားရတယ်လို့လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved