ဒီလို အင်တာနက်လိုင်းပြတ်တောက်ရတာဟာ ပြည်ပက တိုက်ခိုက်မှုတွေကြောင့်လို့ စစ်အစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပေမယ့် ပြည်တွင်း အင်တာနက်သုံးစွဲသူတွေကတော့ လုံးဝအယုံအကြည်မရှိကြပါဘူး။
အင်တာနက်ဆိုင်ရှင်တဦးကတော့ လိုင်းပြတ်တောက်မှုကြောင့် လေကြောင်းလိုင်းတွေ ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ အင်တာနက်ဆိုင်တွေ အပါအ၀င် လုပ်ငန်းတော်တော်များများ စီးပွားရေးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ ထိခိုက်နိုင်တဲ့ ရပ်ဝန်းတခုကို အခုတွေ့လာရပါပြီ။ အဲဒါကတော့ နိုဝင်ဘာလအတွင်း မုန်တိုင်းတွေ ရှိနေသေးလို့ မျက်ခြေမပြတ်စောင့်ကြည့်နေရတဲ့ မိုးလေ၀သခန့်မှန်းချက်တွေကို ထိခိုက်လာတာပါပဲ။
ဂီရိမုန်တိုင်းသတင်းကြောင့် ကလစ် ၁ သန်းကျော်ရခဲ့တယ်လို့ ဆိုတဲ့ ဒေါက်တာထွန်းလွင်ရဲ့ ၀က်ဘ်ဆိုက်မှာ အခုတဖန် ထပ်ပြီး တောင်းပန်စကား တင်ထားတာတွေ့ရကြောင်းပါခင်ဗျား။
တောင်းပန်စကားဖြင့် အစီရင်ခံအပ်ပါသည်။
နိုဝင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းနောက်ထပ်တစ်ကြိမ် အနည်းဆုံးဖြစ်ဦးမယ်လို့ MCCW က ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကတည်းက ခန့်မှန်းထားတာကြောင့် MCCW က အသေအချာစောင့်ကြည့် နေခဲ့ပါတယ်။ ဖြစ်ချင်တော့ဗျာ။ စောင့်ခဲ့ရတာ အကြာကြီးပါဘဲ။ ဖြစ်လည်းဖြစ်ရော Internet Connection တွေက ပြတ်တောက်ကုန်ပါရောဗျား။ အခုအထိကို MCCW မှာ connection မရသေးပါဘူးဗျာ။ ဖြစ်နိုင်ရင် မုန်တိုင်းကို ခဏစောင့်ပါဦးလို့တောင်းပန်လို့ရရင် တောင်းပန်လိုက်ချင်ပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်းဘဲလေ။ သဘာဝတရားဆိုတာ သူ့သဘောသူဆောင်နေတယ်လေ။
အရေးကြီးမှန်းသိလို့ MCCW က (၅) ရက်တိတိ Internect Connection မပြတ်တဲ့နေရာတစ်ခုကို အသုံးပြုခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် System Restriction/Admin Restriction အကန့်အသတ်တွေများလွန်းတော့ ကျွန်တော်(၅)ရက်သာ ပြည့်သွားခဲ့ပါတယ်။ Web Page တွေ Upload လုပ်လို့မရခဲ့ပါဘူး။ ဒီကနေ့တော့ Web Developer Co. ကတစ်ဆင့် ကြိုးစားကြည့်ပါဦးမယ်။
မုန်တိုင်းရဲ့လက်ရှိအခြေအနေတွေက စောင့်ကြည့်ဖို့ လိုနေသေးတာကို သတိရှိစေခြင်ပါတယ်။
ကံကောင်းပါရစေဗျာ။
MCCW
ဟုတ်ကဲ့....တနိုင်ငံလုံး ကံကောင်းကြပါစေဗျား.....
ဒေါက်တာ ထွန်းလွင်က နအဖက ပေးထားတဲ့ လစာလေး တစ်ပဲ ခြောက်ပြားနဲ့ သူတတ်တာကို ပြည်တွင်းက ပြည်သူတွေကြားမှာ ထိုင်ပြောနေတာ ဘာမှ မတတ်ပဲ လူတတ်ကြီးလိုလိုနဲ့ မင်းတို့က သူများ ပေးစာကမ်းစာ သူများအရိပ်မှာ ခိုကပ်စားသောက်ရင် လေကျယ်နေတာ ကိုယ့်အကြောင်းကိုတော့ သိကြမှာပါကွာ