အလုပ်ဟူသမျှ ပြုံလုရ

Thursday, November 11, 2010


တူမကြီး ပစ္စည်းသယ်ဖို့လူလိုလား ...

ပစ္စည်းတွေကို ကားပေါ်တင်နေသည့် ကျမ ပတ်ပတ်လည်သို့ ၃၅ နှစ်ဝန်းကျင် အမျိုးသားများ ၀န်းရံကာ အလုပ်ရဖို့အတွက် အလုအယက်မေးနေကြတယ်။ ကျမ စိတ်ထဲတော်တော်စိတ်မကောင်းဖြစ်သွားမိတယ်။

အဲဒီနေ့က နိုဝင်ဘာ (၇) ရက်နေ့၊ ရွေးကောက်ပွဲ လုပ်သည့်နေ့။

အိမ်တွင် ထမင်းချက်ဖို့ စောင့်မျှော်နေသည့်မိသားစု ထမင်းစားရဖို့အတွက် နေ့ခင်းဘက်နေပူပူမှာ ပစ္စည်းဝယ်လာသည့်လူတွေ့လျှင် အလုအယက် ပစ္စည်းထမ်းဖို့အတွက် ခယသည့်မျက်ဝန်းများဖြင့်။

ကျမ မည်သူ့ကို ခေါ်ရမလဲမသိ။ နောက်ဆုံးတွင် လူနှစ်ယောက်ကိုခေါ်လိုက်သည်။ မည်သူရယ်လို့ လက်ညိုးညွှန်မပြဘဲ “၂ ယောက်ဆိုရင်ရတယ် အကို” ဟုပြောကာ ကားပေါ်သို့ တက်လိုက်သည်။ အထမ်းသမား ၂ ဦး ကျမနောက်မှလိုက်ကာ ကားပေါ်သို့ တက်လိုက်လာသည်။

“ဦးတို့က မဲမပေးဘူးလား“ စကားစလိုက်မိတယ်။

“ရိုးသားသည့်အပြုံးသန့်သန့်ကို ပြုံးလိုက်ပြီး ကျနော်တို့ မဲပေးလည်း ဘယ်သူကိုရွေးမယ်ဆိုတာ သူတို့သတ်မှတ်ပြီးသား ဘာထူးမှာလဲ တူမကြီးရာ ... လောလောဆယ် အိမ်က ကလေးတွေ ထမင်းစားရဖို့ပဲအရေးကြီးတယ် ... လုပ်ချင်ရာလုပ်ကြ ... နေ့တိုင်း အထမ်းသမားခေါ်တဲ့လူနဲ့ တွေ့ပါစေပဲ ဆုတောင်းနေရတာ ... တူမကြီးတို့ ဘာအထမ်းတွေပဲခေါ်ခေါ် ၂၇ လမ်းထိပ်မှာ ဦးတို့အမြဲရှိတယ် လာခေါ်လှည့် ... အိမ်အပြောင်းအရွှေ့လည်းရတယ် ... တူမကြီး မိတ်ဆွေတွေ ထမ်းဖို့လိုလည်း ဦးလေးတို့ကို လမ်းညွှန်ပေးပါ” လို့ ပြောတယ်။

ကျမ မျက်ရည်ဝဲသွားတယ်... အလုပ်နေ့တိုင်း လုပ်ရဖို့အတွက် ပြုံးချိုသည့် မျက်နှာဖြင့် တောင်းဆိုနေသည့်ဦးလေးတွေ … သူတို့လိုလူမျိုတွေ မြန်မာပြည်မှာ ဘယ်လောက်တောင်ရှိနေလဲဆိုတာ ...
ချိုခ

4 comments :

  1. Anonymous said... :

    ဒီလိုရိုးရိုးသားသား လုပ်အားနဲ့ ပိုက်ဆံရှာတာ တော်သေးတာပေါ့ဗျာ၊ ကိုယ်နဲ့ရင်းနှီးပြီး ပိုက်ဆံရှာတဲ့သူတွေ၊ အရွယ်မရောက်သေးဘဲ .... လမ်းဘေးမှာ တောင်းစားနေတဲ့သူတွေ၊ ကြံရာမရဖြစ်ပြီး ဒုစရိုက်မှု ကျူးလွန်သူတွေလဲ .... ဒုနဲ့ထည်နဲ့ ....။

  1. လွန်ခဲ့တဲ့ (၄)ရက်လောက်က ဂျီးမှုံသတင်းစာမှာ ဖတ်လိုက်ရတယ်။ ထိပ်ပြောင်သိန်းစိန်က လိန်းလီတံတားဖွင့်ပွဲမှာ ပြောတယ် မြန်မာပြည်ကြီး သူတို့အုပ်ချုပ်စဉ်ကာလမှာ အရမ်းတိုးတက်လာကြောင်း မြန်ပြည်ကြီးဟာ မကြာမှီအတောတွင်းမှာ ချမ်းသာကြွယ်ဝသော စက်မှုနိုင်ငံအဖြစ် ရောက်ရှိတော့မှာ ဖြစ်တဲ့အကြောင်း...

  1. ရွှေခြင်္သေ. said... :

    ဖတ်ပြီးဝမ်းနည်းရပါသည်။ ဒီလိုဘဝတွေသန်းပေါင်းများစွာရှိပါတယ်။

  1. Unknown said... :

    အရမ်းဝမ်းနည်းတယ်။ သူတို့ကောင်းစားရင်ပြီးရော ပြည်သူတွေ ဘာဖြစ်ဖြစ်ဆိုပြီး ပြစ်ထားရက်ကြတယ်။ အသဲနှလုံးမှ ရှိကြရဲ့လား ဟိုဟာတို့ရေးးး.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved