ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ရန် နအဖ အစိုးရအဖွဲ့ဝင်များ ၀ိုင်းဝန်းအကြံပေး

Thursday, November 11, 2010

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မပေးရန် နေပြည်တော်တွင် ရှိနေကြသော ဒု ဗိုလ်ချုပ်ကြီးများနှင့် ၀န်ကြီးများက ယနေ့ညနေ အစည်းအဝေးတွင် တင်ပြခဲ့ကြကြောင်း နေပြည်တော်မှ စစ်ဘက်အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

"ရွေးကောက်ပွဲရလဒ်ကလည်း မတည်ငြိမ်သေးတဲ့အချိန် ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်သလားဆိုတဲ့ ဗိုလ်သန်းရွှေရဲ့ မေးမြန်းချက်ကို ကျန်တဲ့ ဒုဗိုလ်ချုပ်ကြီးနဲ့ ၀န်ကြီးတွေက မလွှတ်တာက ပို အေးဆေးပါတယ်လို့ သဘောထားပေးကြတယ်လို့ သိရတယ်"ဟု ၄င်းက ပြောသည်။

ထိုသတင်းနှင့်ပတ်သက်၍ ဧရာဝတီက အခြားသတင်းရပ်ကွက်များမှ အတည်ပြုချက်မရသေးပေ။ သို့သော် အဆိုပါ အရာရှိကမူ ဒေါ်အောင်ဆန်းစုကြည်အား အစိုးရက ပြန်လွှတ်လိမ့်မည် သူမယူဆကြောင်းအတိအလင်း ပြောဆိုသည်။

"မဲစာရင်းတွေကိုတောင် ချက်ခြင်းမကြေညာသေးဘဲ တချက်စောင့်ကြည့်တယ်ဗျ။ ဘယ်ပါတီတွေက သူပုန်ထနိုင်လဲပေါ့ဗျာ။ သူပုန်ထနိုင်ပြီး သိပ်လည်း အန္တရာယ်မရှိတဲ့ နေရာတွေကို ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာ၊ ဒေါ်စုကိုလည်း အဲလိုပဲ ၊ လွှတ်ပေးသင့် မပေးသင့် တချက်စောင့်ကြည့်တယ်။ မလွှတ်ရသေးဘူး နိုင်ငံတကာ သတင်းတွေမှာ ညံထွက်လာတော့ မလွတ်ပေးဖို့ အရာရှိကြီးတွေက ၀ိုင်းပြောကြတယ်"ဟု ၄င်းက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အယူခံအမှုကို နေပြည်တော် တရားရုံးချုပ်က ပယ်ချလိုက်သည်ဟု ယနေ့ ထုတ်ပြန်ခဲ့သည်။


၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းပြီးနောက် အထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလအတွင်း နေအိမ်အကျယ်ချုပ် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ၎င်း၏နေအိမ်တွင်းသို့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထော ၀င်ရောက်ခဲ့ရာ အိမ်ရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖောက်ဖျက်သည်ဟုဆိုကာ သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးအမိန့်ဖြင့် နေအိမ် အကျယ် ချုပ် ၁၈ လသို့ ပြောင်းလဲ ကျခံစေခဲ့ခြင်း ဖြစ်သည်။

နအဖစစ်အစိုးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ် ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

10 comments :

  1. Anonymous said... :

    ဒေါ်စုကို ဒီလိုအချိန်မျိုးမှာ သာ လို့တောင် လွှတ်ပေးမှာမဟုတ်ဖူးလို့ဘဲ ယုံကြည်တယ် ဗျို့  ။ သူတို့ထပ်ပြီးအမှားခံတော့မှာမဟုတ်ဖူးဗျ ။ ၉၀ ရွေးကောက်ပွဲတုန်းကအကြီးအကျယ်သူတို့မှားပြီးပြီလေ ဒေါ်စုကိုလွှတ်ပေးချင်မှတော့ အစောကြီးတည်းကလွှတ်တာပေါ့ ရွေးကောက်ပွဲလုပ်တာသူတို့အတွက် အလကားမှမဟုတ်တာ ။ အကယ်လို့လွှတ်ပေးရင်တောင် တမျိုးမဟုတ် တမျိုးနဲ့ မသေသေအောင်လုပ်ဦးမှာာာာ

  1. Anonymous said... :

    Somebody is definitely above the Law !
    How disgusting ?
    Unlawful detention is very common in the whole country.
    Not necessary to unmask; all can see the blood-stained fangs.

  1. ကျနော့် ကိုယ်ပိုင်အမြင်လေး တင်ပြပါရစေ၊ DASSK ကို လွှတ်ပေးနိုင်တယ်လို့ ထင်ပါတယ်၊ အခုအချိန်မှာ နအဖ ဟာ တိုင်းရင်းသားတွေ ကိစ္စနဲ့ ပြဿနာမီးဝိုင်းနေချိန်မှာ DASSK ကို ဟန်ပြလွှတ်ပေးနိုင်ပါတယ်၊ အဲ့ဒါ DASSK အတွက် အန္တရယ်အလွန်ကြီးပါတယ်။ အခု အချိန်ဟာ ပြည်သူလူထုအတွက် တကယ့်အချိန်ကောင်းဖြစ်ပါတယ်၊ (၁) နယ်စပ် တိုင်းရင်းသားတွေတိုက်ပွဲပြဿနာ၊ (၂) ဒု-ပင်လုံစာချုပ် ကိစ္စ၊ (၃) အတုအယောင်ရွေးကောက်ပွဲပြယုဒ် ပုံပေါ်လာမှု။ နအဖ ခေါင်းခဲစရာ အချက်(၃) ချက်မှာ DASSK ကို အားလုံး အာရုံပြောင်းလာအောင် လွှတ်နိုင်မယ်ထင်ပါတယ်။

  1. Anonymous said... :

    ကျွန်တော်တော့ လုံးဝမထင်ဘူး။ ဒေါ်စုကို လွှတ်ပေးဖို့ဆိုတာ။ ဘယ်လို ဥပဒေတွေနဲ့ ဆက်ချုပ်ထားမယ်။ ဘယ်သူတွေ ဘာတွေလုပ်ကြမလဲဆိုတာ သာစောင့်ကြည့်နေတယ်။ အထင်တော့ (သေချာတာတော့) ဒေါ်စုမလွှတ်ပေးလဲ ဘယ်သူတွေ ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ ကြည့်ကြရအောင်လား။

  1. Anonymous said... :

    ဒီလိုသတင်းမျိုးတွေ ကျနော့်အထင်တော့ မထည့်သင့်ပါဘူး ချီးသန်းရွှေက ရှေ့ ပြေးသတင်းအရင်လွင့်ထားပြီး အသံနားထောင်ကြည့်တယ် မဟန်ရင်သူမလုပ်တော့ဘူး အဲဒါကြောင့် သူ့ ဟာသူ လွတ်မဲ့ဟာကို ခင်ဗျားတို့ လျှောက်ဖွတာနဲ့ ပဲ အမေ ဒုက္ခရောက်အုံးမယ်..သဘောပေါက်ကြစမ်းပါ..

  1. Anonymous said... :

    အဲ့ဒီ့လို လုပ်ချင်တာ ကိုယ့်သဘောနဲ့ ကိုယ်လုပ်နေတဲ့ ဥပဒေအပြင်ဘက်က စစ်အစိုးရ- မကြာခင် တစ်ဆွေလုံးတစ်မျိုးလုံး သေချင်းဆိုးနဲ့ သေပါစေလို့ ။ ဘ၀ဆက်တိုင်း တရိစ်ဆာန် ဖြစ်ရင်တောင် မြန်မာ တရိစ်ဆာန် ရုံထဲက ကောင်ဘဲဖြစ်ပါစေ။ ဆွေစဉ်မျိုးဆက် လှောင်အိမ်ထဲမှာဘဲနေရပါစေလို့ 

  1. Anonymous said... :

    လွှတ်ပေး ပြီး အန္တရာယ်ပြုမှာကို အစိုးရိမ်ဆုံးပါ.. မြန်မာပြည်သူအပေါင်း ဒေါ်စု အန္တရယ် မကျအောင် စောင့်ရှောက်
    ကြဖို့  သတိရှိစေချင်ပါတယ်

  1. Anonymous said... :

    ဟုတ်ပါတယ်...ဒီလိုသတင်းမျိုးကို မထည့်သင့်ပါဘူး။ ချီးသန်းရွှေရဲ့ လှည့်ကွက်ကောင်းပါတယ်။ နိုင်ငံခြားကလွင့်သမျှ သတင်းတွေအကုန်နား ထောင်၊ ဖတ်ပြီး ချီးထုတ်ကြီး သက်ဆိုးရှည်နေတာပါ။ သူကခပ်တုန်းတုန်း။ ဒါပေမယ့် သူနားထောင်တဲ့သတင်းတွေက ဘာဆက် လုပ်ပါလို့တိုက်တွန်းနေသလိုပါပဲ။ အရင်သတင်းစာမှာ ဘယ်သူညာနေသည်။ ဘယ်သူလိမ်နေသည် ဒါသူ့လက်ချက်ပါ။ ဒီသတင်းကိုလည်း သူ့ကွန်ကရစ်နန်းတော်ထဲမှာ တစ်ယောက်ထဲ တုတ်ထိုးတိုင်းပြည်က လက်ဆောင်ရထားတဲ့ ရေဒီယိုတွေနဲ့မလွတ်တမ်း နားထောင်နေမှာ။

  1. Anonymous said... :

    She is actual leader of Myanmar.
    She is our future.
    She is our Hero.
    Nga Than Shwe,if you have confidence about your party(80%),just let her free.

  1. Anonymous said... :

    ဥပဒေ မလေးစားတဲ့ သူခိုးဒမြ လူမိုက်တွေကိုပြန်သာချကြပါ။ ဗမာ့သွေးကိုပြ ကြပါတော့။ စစ်ဒမြတွေ ဘယ်တော့မှကောင်းမဲ့ကောင်တွေမဟုတ်ပါ။ ယုတ်မာ ပက်စက်တဲ့ အကြံဘဲ အဲဒီ ဒမြတွေခေါင်းကထွက်မှာ။ လူဆိုးသူခိုး သန်းရွှေတို.တစ်သိုက် မျိုးပြုတ်မှ တိုင်းပြည်ကောင်းလိမ့်မယ်။ သေချင်းဆိုးနဲ.သေကြမှ ကောင်းမှာ။ မိန်းမတစ်ယောက်လောက်တောင် စိတ်ရင်းမကောင်းတဲ့ ကောင်တွေ စစ်တပ်က ယောက်ျားတွေ လုပ်နေပြီး မိန်းမရှာစီတ်နဲ. ဘာကြောင့် အမျိုးသမီးတစ်ယောက်ကို အားလုံးကကြောက်နေကြလဲ။ သိပ်လွန်လွန်းအားကြီးတယ်ကွာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved