ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ လှုပ်ရှားမှုများ

Tuesday, November 16, 2010


ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ဗဟိုတရားရုံးချုပ်ကို သွားပါတယ်။ NLD ပါတီဆက်လက် ရပ်တည်ခွင့် အမှုအတွက် ကျမ်းကျိန်တာပါ။ NLD ဆက်လက် ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ (ကြာသပတေးနေ့) မှာ နေပြည်တော်မှာ ကြားနာမယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံကြပါတယ်။

အခုလောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြား သံတမန်တွေနဲ့ တွေ့ဆုံနေပါတယ်။

နောက်ဆုံးရတာတွေကို ထပ်တင်ပေးပါမယ်။

ဧရာဝတီက ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခင် ဆက်သွယ် မေးမြန်းမှာ ဖြစ်ပါတယ်။ မေးမြန်းချက်များကို ဆက်လက် ဖော်ပြသွားပါမယ်။

3 comments :

  1. Anonymous said... :

    နောက်ဆုံးရတာတွေကို ထပ်တင်ပေးရင် ထပ်ဖတ်ဘို့စောင့်နေမယ်ဗျာ။ ယူကေက အများစုက ဧရာဝတီသတင်းတွေကို စောင့်နေကြပါတယ်။ အလုပ်ထဲကလူတွေကို ဖုန်းဆက်ပြီး အကြောင်းကြားရအောင်လို့။

  1. Anonymous said... :

    Great!!!!

  1. YTG said... :

    thanks Irrawaddy for updating as it goes.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved