ခွန်အားဖြည့်မိငယ်

Saturday, November 6, 2010

ဂီတကို ဘ၀အမောဖြေစရာအဖြစ် နားဆင်ကြတယ်။ သီချင်းဆိုတော့ စာသားတွေပါလာပြီ။ စာသားရဲ့ အဓိပ္ပာယ်အပေါ်ပါ ခံစားနားဆင်ကြတယ်။ "ရွေးကောက်ပွဲကြီး" နီးလို့ အလုပ်များနေကြတဲ့ ကြားက ခံစားနားဆင်ဖို့ သီချင်းတပုဒ် တင်ပေးလိုက်ပါတယ်။

ဒီသီချင်းက ဆင်ဆာ ခွင့်မပြုလို့ သိပ်ကျယ်ကျယ်ပြန့်ပြန့် မကြားရတော့ဘူး။ ၉၀ ၀န်းကျင်ကဆို လူငယ်တော်တော်များများရဲ့ ဂစ်တာဝိုင်းတွေမှာ နှစ်နှစ်သက်ကို ဆိုကြတယ်။

အခုဟာက Original။ မောင်လပြည့်ဝန်း သီချင်းရေးသူ ကိုနေ၀င်း (အခုခေတ် လူငယ်တွေအတွက်တော့ ဦးနေ၀င်း) ကိုယ်တိုင် ပြန်ဆိုထားတာ။ ကြားဖူးသလောက် ဂျပန်တော်လှန်ရေး ပြဇာတ်တပုဒ်ရဲ့ ဇာတ်ဝင်ခန်းအတွက် စပ်တယ်။ နောက် (ဦး) ခင်မောင်တိုးနဲ့ မဇ္ဈိမလှိုင်းတို့ တီးခတ်အသံသွင်းတော့ လူကြိုက်များတယ်။ အခုတော့ "အဖိုးကြီး" သီချင်းဖြစ်နေပြီ။ ဒါပေမယ့် စာသားတွေက ခေတ်မီနေတုန်း။

ကိုယ်တိုင်နားဆင်ရင်း ဝေဖန်အကဲခတ်ကြည့်ကြပေါ့ဗျာ။

ရဲနည်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved