ရှင်သန်နိုးထ အာရက္ခ

Sunday, November 28, 2010



ရခိုင်ပြည်နယ် ဂီရီဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် “ရှင်သန်နိုးထ အာရက္ခ” အမည်ဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲတရပ်ကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစင်တင်တေးဂီတပွဲတွင် ဥက္ကာဦးသာ ဦးဆောင်သော PLUS+3 တီးဝိုင်းနှင့် လေးဝတီ ရခိုင်ယဉ်ကျေးမှုတေးဂီတအဖွဲ့တို့က တီးခတ်ပေးမည်ဖြစ်ကာ ဦးအောင်လွင် ၊ ခန့်စည်သူ ၊ ဘုန်းလျှံ ၊ ရတနာမိုင် ၊ ကုသိုလ် ၊ အရိုင်း ၊ ညောင်ညောင်စသည့် ရုပ်ရှင်သရုပ်ဆောင်များအပြင် ကိုသန်းမောင် ၊ ခိုင်မြတ်မင်း ၊ စောနှင်းနွယ် ၊ ဒိုအ်ရီ ၊ Lကိုလင်း စသည့် ရခိုင်အဆိုတော်များက သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။

“တခြားနာမည်ကြီး အဆိုတော်တွေ ၊ သရုပ်ဆောင်တွေလည်း ပါဝင်ကူညီသီဆိုပေးကြဖို့ ရှိပါတယ်။ သူတို့ အားလပ်ရက်ဖြစ်ဖို့ ညှိနှိုင်းနေကြပါတယ်။ ထပ်တိုးလာမယ့် သီဆိုသူတွေကို ထပ်ပြီး ထုတ်ပြန်ပေးပါ့မယ်။ ရခိုင် ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ”ဟု လေးဝတီတေးဂီတအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“ရှင်သန်နိုးထ အာရက္ခ” ဂီတဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများကို အလိုတော်ပြည့်ဆရာတော်ကြီးမှ တဆင့် လေဘေးသင့်ဒေသများသို့ ပြန်လည်လှူဒါန်းသွားမည်ဟုလည်း လေးဝတီအဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

ဂီရိမုန်တိုင်း ၀င်ရောက်ခဲ့ပြီးချိန်မှစ၍ အလိုတော်ပြည့်ဆရာတော်ကြီးသည် တပည့် ဒကာ ၊ ဒကာမများနှင့်အတူ လေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းနေသည်မှာ ငွေကျပ်သိန်းထောင်ချီနေပြီဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုပုံရိပ်များကို http://alodawpyei.org/alo/ တွင် ကြည့်ရှုနိုင်ပါသည်။


လက်မှတ်တန်ဖိုး။ ။ ကျပ် ၃၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀
လက်မှတ်များကို
ရာမောင်သားထမင်းဆိုင် ကျောက်မြောင်း
မင်းလမ်းထမင်းဆိုင် ကိုထွန်းကျော် တာမွေအ၀ိုင်းထိပ် တိတ်ခွေအေ၇ာင်းဆိုင်
လိုင်သာယာ ရွေမောင်
ကိုသံဒိုင်း ကာဝပ်ရော့
ရွေရခိုင် ထမင်းဆိုင် ကျောက်မြောင်း
ရမ္မာဝတီ ထမင်းဆိုင် ရုပ်ရှင်ရုံအနီး
Airmandalay ရုံး
စပါယ်မြိုင် ထမင်းဆိုင် လှည်းတန်း
ပျို့လက်ရာ ထမင်းဆိုင် ၂၉လမ်း နှင့် ရွေဘုံသာလမ်းထိပ်
ရိုးရာထမင်းဆိုင် သတိပဋ္ဌာန်လမ်း ကျောက်မြောင်း
အလိုတော်ပြည့်ကျောင်းတိုက် ဂေါပကအဖွဲ့ (တာမွေလေး)
ရခိုင်ဓမ္မာရုံ တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။

5 comments :

  1. Anonymous said... :

    ကြည့်ချင်လိုက်တာ။
    mr. zarny win

  1. Anonymous said... :

    ‌နေတိုးမပါဘူးလား...တကယ်ဆိုသူ့ ‌အောင်မြင်မှုအားနဲ့ဆိုရင်ရံပုံ‌ငွေပို
    ရနိုင်တာ‌ပေါ့...တခြားကိစှဘယ်‌လောက်အ‌ရေးကြီး‌နေပါ‌စေ..အခုလို
    ဒုကှေေ၇ာက်‌နေကြတဲ့‌သွေးချင်း‌တွေအတွက်ဘဲ..ပါဝင်သင့်တာ‌ပေါ့...။

  1. Unknown said... :

    ဟုတ်တယ်နော်...ဘာလို့ ကိုနေတို မပါတာလဲမသိဘူးနော်.တကယ်တန်းဆိုရင် ကိုနေတိုးက ရှေ့ကနေ ပါရမှာပေါ့။သူကမြန်မာနိုင်ငံမှာဆိုရင် စူပါမင်းသားတယောက်ပေး..သူအဲဒီလို အဖွဲ့တွေမှာ ဘာလို့ မပါဝင်နိုင်ကို စဉ်းစားလို့ကို မရဘူးဗျာ။။။။။။

  1. Anonymous said... :

    စိတ်မဝင်စားတဲ့ လူကိုတမ်းတနေလဲ အပိုပဲဗျ......ဒီကောင့်ကို အရင်ထဲက သတိထားမိတယ်...ရခိုင်အရေးတို့ သာရေး နာရေးတို့ဆို ဒီကောင့်ကို တခါမှ မတွေ့ဖူးဘူး...မုန်တိုင်းပီးစတော့ ခန့်စည်သူတို့နဲ့သွားတယ်လို့ သတင်းတွေ့လိုက်တာပဲ....သူမပါလဲ ဘာမှမဖြစ်ပါဘူး........အဓိက အလှူခံရဖို့ပဲ....သူ့ပါမှ သွားမယ်ဆိုရင်တော့ စိတ်ထားမမှန်တော့ဘူးလို့ပြောရမှာပဲ......အလှူလုပ်တာလို့ သဘောထားပေးလိုက်ကြပါ။။ နှလုံးအေးပါတယ်ဗျာ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved