ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား

Sunday, November 28, 2010

ရန်ကုန် တာမွေမြို့နယ်ရဲစခန်းတွင် သံဃာတော်တပါးကို ဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်းကာ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်းပေါ်ရှိ Happy Now အင်တာနက်ဆိုင်တွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ဗုံးတွေ့သည်ဆိုကာ စစ်ကား ၂စီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီးနောက် သံဃာတော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တာမွေရဲစခန်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ဧရာဝတီတိုင်းဘက်က ဦးက္ကုန္ဒောဘာသဆိုတဲ့ သံဃာတော်တပါးပဲ။ သူက အဲဒီအင်တာနက်ဆိုင်မှာ ၀င်သုံးခဲ့ပြီး အိတ်ကလည်း မေ့ကျန်ခဲ့တော့ အဲဒီအိတ်ကနေတဆင့်လိုက်တာ။ အိတ်ထဲမှာတော့ လက်နှိပ်ဓါတ်မီး ၊ သင်္ကန်း နဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ရယ်ပဲပါတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိခဲ့သည်။

ယခုကဲ့သို့ အင်တာနက်ဆိုင်များတွင် ဗုံးတွေ့ရှိနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ခံတဦးက “ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက ပြည်ပက တိုက်ခိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာနက်ကော်နက်ရှင်တွေကျတယ်။ စီးပွားရေးလုပ်ငန်းတွေ က ထိခိုက်လို့ အော်လာတော့ နည်းနည်း ပြန်ကောင်းလာတယ်။ အခု အင်တာနက်ဆိုင်တွေမှာ ဗုံးတွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်ဆိုတော့ အစိုးရက အင်တာနက်သုံးစွဲပြီး ပြည်ပကို သတင်းပေါက်ကြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ တဘက်လှည့်နဲ့ လုပ်နေတယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

ယခုဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်း၍လည်း နအဖ မီဒီယာများက ဖော်ပြခြင်းမရှိသေးပေ။

8 comments :

  1. Anonymous said... :

    လာပြန်ပြီ နောက်ထပ်သားကောင်။ မရေရာမသေချာမှုများနဲ့ သံသယသားကောင်များ ကံကောင်းကြပါစေ။ ဗုံးထောင်တဲ့သူအတိအကျတော့ ဗုံးထောင်တဲ့သူကိုယ်တိုင်ပဲ သိမှာပါ။ ပြည်သူတွေကိုသိစေချင်တာကတော့ ပိတ်ဆို့ရှာဖွေရေးလုပ်တယ်ဆိုပြီး ညညအငှားယာဉ်တွေကို သက်သက်မယ့်ပြသနာရှာနေပြီဆိုရင် သတိထားကြပါ။ နောက်မကြာပါဘူး ဗုံးပေါက်တယ်ဆိုတဲ့ အသံတွေကြားရတော့မှာပါ။ ဗဟန်းရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ သက်တမ်းရင့် ရဲတစ်ယောက်ကိုမေးကြည့်ဖူးပါတယ်။ လက်နက်ဆိုလို့ မယ်မယ်ရရ စကေဘာတစ်ချောင်းဆိုလား မိဖူးပါတယ်တဲ့။ နောက်ပီးတော့ ဗုံးထောင်မယ့်သူက အငှားယာဉ်ပဲစီးမလား။ ခေါင်းမရှိတဲ့ကောင်တွေ မင်းတို့သေသေချာချာ စဉ်းစားကြအုံးနော်။

  1. Anonymous said... :

    လွတ်လပ်မှု့ ကို ထိန်းချူပ်ဖို့ ဖိနိပ်ဖို့  နည်းပေါင်းစုံ သုံးပြီး ကောက်ကျစ် ဗိုလ်ကျ စိုးမိုးချယ်လှယ်နေမှာပါ။။

  1. Anonymous said... :

    နအဖ ကခုထိဖြုတ်ဦးနှောက်ပဲရှိသေးတာကို.........အကွက်တွေရိုးနေပြီ.
    အဆင်ပြောင်းလိုက်ဦး........ကိုယ်လုပ်တာကို သူများလုပ်တယ်ထင်အောင် ..လိမ်တာလဲ မုသာဝါဒကံသက်ရောက်တယ် ......ပြောနေလဲအပိုပါပဲ သူတို့က ကံငါးပါးတစ်ပါးမှ မလုံတဲ့ ငရဲသားတွေပဲကို.........

  1. Anonymous said... :

    U Than Shwe said to UN officer that he loved Burma so much, and Burma would become one unique county in Asia , and Burma would have democracy. He might confuse with democracy and communist.
    There is no actually law for protection of any human right still.

  1. Anonymous said... :

    -Subsidized wireless laptop computers for Myanmar people
    -WiFi, wireless, router internet connection for Myanmar people
    << Na Ah Pha wants to control internet users and e-network >>

  1. Unknown said... :

    28.11.2010.တစ်ခေါင်ရံကျော်၃နာရီ၃၀မိနစ်အကျော်မှာစစ်ဖြစ်ခဲတဲ့မြ၀တီ
    အေုကာင်း

  1. Unknown said... :

    ဒီအာဏာရူး စစ်ဘီလူးတွေရဲ့ ကောက်ကျစ်တဲ့အပြုအမူကြောင့်ဆိုင်တွေ စီးပွားရေးကျမယ်၊ ရေမြေခြားအလုပ်လုပ်နေတဲ့ကျွန်တော်တို့လို လူတွေအတွက်လည်း မိသားစုနဲ့အဆက်အသွယ်ဒုက ရောက်မယ်..အဲဒီတော့ဒီခွေးမျိုးတွေ မြန်မြန်သေပါစေလို့ပဲ ဘုရားမှာနေ့တိုင်းဆုတောင်းနေတော့မယ်...ငါလိုးမသား သန်းရွေ

  1. ahphong said... :

    ဟုတ်တယ်၇ူးနေလားမသိဘူး ဘယ်သူက၇န်ကုန်ထိဗုံးကိုင်လာမှာတုန်း.......သူတို့ကောင်တွေပဲမဟုတ်၇င် ဘာမှမဟုတ်ဘူးအခုခင်ညွန့်ဖိုင်ကိုတင်တာလဲအဲကောင်တွေပဲ.......လှည့်စားနေတာ သန်းေ၇ွဦးနောက်ကို မမှီဘူးလိမ်ကောက်တဲနေ၇ာမှ...........သူ့ကိုင၇ဲပြည်မှာတောင်လာလိမ်မှာမို့လို့...င၇ဲမင်းကတောင်မလာခိုင်းဘူးလေ........ဗီဇာမပေးဘူး.......

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved