ကုလ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံ

Saturday, November 27, 2010

(ဓာတ်ပုံ - AP)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက်တွေ့ဆုံပါတယ်။

ကြားရတဲ့ သတင်းတွေအရတော့ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူးတို့နဲ့ တွေ့မယ်လို့ ဆိုပါတယ်။

10 comments :

  1. ၀င်းဝင်း said... :

    UN ကလာတွေ့တာပဲရှိတယ် အကောင်အထည် မပေါ်သေးတော့စိတ်ညစ်တယ်........အဖြေတစ်ခုကို စောင့်နေရတာနဲ့ လူတွေလည်းအသက်ကြီးလာပြီ....နတ်ကောင်းနတ်မြတ်တွေ မြန်မာပြည်ကို ကယ်တော်မူကြပါ..........

  1. Anonymous said... :

    အင်း...
    ဂမ်ဘလား နဲ့  စာရင်တော့  ဘယ်လိုနေမလဲမသိ..။

  1. Anonymous said... :

    Nothing is going to happen.
    Only Oppression and Destruction increase day after day in Burma.

  1. ko zaw said... :

    ဟိုတခါ ဂံဖလားပြီးတော့ လာပြန်ပြီ ဒီတခါ နံပြား။

  1. timothy said... :

    ကုလသမဂ်ဂလဲဘာမှမတပ်နိုင်ဘူးဆိုတာအားလုံးနားလည်ကြပါ။
    ကုလသမဂ်ဂ၊အနောက်နိုင်ငံဒီမိုကရေစီနိုင်ငံများကဘာ့ကြောင့်အမေစုကိုကျနော်တို့လိုတရိုတသေဆက်ဆံကြလဲ။
    အမေစုမှာလူထုထောက်ခံမှုအပြည့်အဝရှိလို့၊ သက်သေကတော့ ၁၉၉၁ ရွေးကောက်ပွဲမှာNLD ကအပြတ်အသပ်နိုင်တာဘဲ။
    လူထုထောက်ခံမှုကိုအမေစုအနေနဲ့ဒီနေ့မရကြည့်၊ဒီနေ့တခါထဲနိုင်ငံတကာသိမှတ်ပြုမှုများရပ်သွားပြီးစစ်အစိုးရအနေနဲ့ဘာမှဂရုစိုက်စရာမလိုတဲ့လူဖြစ်သွားမှာဘဲ။ လူထုအင်အားရဲ့တန်ခိုးအာဏိသင်ကိုနားလည်ကြပါ။ အမေစုရဲ့အစွမ်းအစကလူထုအင်အားနဲ့စာရင်ဘာမှမရှိဘူး။
    လူထုရဲ့ချစ်ခင်ကြည်ညိုမှုကိုရလို့အမေလို့လူတိုင်းကခေါ်ရလောက်အောင်တန်ခိုးကြီးတာဘဲ။အဲဒါလူထုအင်အားရဲ့တန်ခိုးကြောင့်ဘဲပေါ့။
    အမေစုကလဲပြည်သူလူထုနားလည်အောင်တဖွဖွနဲ့ကိုမှာနေတာပါဘဲ။
    ဒီမိုကရေစီရရျင်ရင်လူတိုင်းလူတိုင်းကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်ဝင်ပါ၊ဝင်လုပ
်ကြမှရမယ်။ ဒါ့ကြောင့်ကုလသမဂ်ဂလာကူနိုင်တယ်လို့မျှော်မနေကြဘဲ၊မိမိရဲ့ကံကြမ္မာကိုမိမိဖါသာဖန်တီးကြိုးစားလုပ်ကြမှဘဲဒီစစ်တပ်ရဲ့ကျွန်အဖြစ်ကတနိုင်ငံလုံးရုန်း
    ထွက်နိုင်ကြမှာပါဘဲ။

  1. Anonymous said... :

    အယင်တုန်းကတော့ ဂမ်ဖလားကို လွှတ်တယ်
    အခုတော့ နံပြား (Nambiar) ကို လွှတ်တယ်....
    ဘာမှတော့ ထူးမယ် မထင်...
    http://burmastrangenews.blogspot.com/2010/11/blog-post_28.html

  1. Anonymous said... :

    African Gyi Gum balutshuttoeh pyit pyit, India ca Nam Byar beh pyhit phyit, United Nations ca
    corrupted and useless par beh. Bar Myaw Lint
    Chet Mha ma Hta ta kaung par deh. DASSK neh
    pyithu In Arr neh beh SPDC to tite htote ya
    mha beh. They just come to mess up things,
    it's about time we tell them we are not
    interested. We have lost trust in UN.

  1. Anonymous said... :

    ခင်ဗျားတို့ပြောနေသလိုမျိုးပဲ ဘယ်နေရာက ဘယ်သူလာလာ ကျွှန်တော်တို့နိုင်ငံပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် လူမျိုးဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီနိုင်ငံအုပ်ချုပ်သူစစ်တပ်ကိုက ကိုယ့်ပြည်သူကောင်းစားရေးကို လစ်လျှူရှု လူတစ်စုကောင်းစားရေးအတွက်ပဲ ကြိုးပမ်းနေတာကြောင့် ဘယ်သူဘာလာပြောပြော ဂရုစိုက်မည့်ကောင်တွေလည်း မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ဒင်းတို့လူယုတ်မာ စစ်တပ်ကို ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်ကြမယ်ဆိုရင်........

  1. Anonymous said... :

    un မလုပ်နိုင်သလို အမေရိကန်လဲ မလုပ်နိုင်ပါဘူး၊။စစ်အုပ်ချုပ်
    ရေးစနစ်ကို မတော်လှန်နိုင်သေးသရ်ျ ဒီမိုကရေစီလည်းဝေးနေဦးမှာပါ။အခုအချိန်မှာနိုင်ငံရေးမလုပ်ပဲတော်လှန်ရေးကို
    အရင်လုပ်ရမှာပါ။ဒီလိုပဲတွေ့ ပါတယ်။ပြန်ပါတယ်။သတင်းစာရှင်းလင်းပွဲတွေလုပ်
    ပါတယ်။ဒါပေမယ့် သန်းရွှေကတော့ စိန်တွေဝယ်စုနေမြဲပါပဲ။

  1. Anonymous said... :

    Nan-pya yay ka-la-kyin ka-la-kyan ma kyan ne naw

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved