ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရ

Tuesday, November 23, 2010


NLD ပါတီပြောခွင့်ရရှေ့နေ ဦးဉာဏ်ဝင်း၏ GSM တယ်လီဖုန်းကို ယမန်နေ့မှစ၍ ဆက်သွယ်ရေးမှ ဖြတ်တောက်ထားကြောင်း သိရသည်။

"မနေ့က ဦးဉာဏ်ကို မေးကြည့်တော့ သူလည်း တယ်လီဖုန်းခွန် ဆောင်ထားပါတယ်လို့ ပြောတယ်။ ဒီကိစ္စကို သူ ဒီနေ့ စုံစမ်းလိမ့်မယ် ထင်ပါတယ်"ဟု ဦးဉာဏ်ဝင်း၏ မိသားစုဝင်တဦးက ပြောသည်။

နေပြည်တော်တရားရုံးချုပ်မှ NLD ပါတီရပ်တည်ခွင့်လျှောက်ထားမှုကို ပယ်ချလိုက်ကြောင်း သတင်းများပေါ်ထွက်ခဲ့အပြီး ဦးဉာဏ်ဝင်း လက်ကိုင်ဖုန်း ဖြတ်တောက်ခံရခြင်းဖြစ်သည်။

တရားရုံးမှ ပယ်ချမှုဟုတ်မဟုတ်ကို ပါတီမှ အတည်မပြုနိုင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

"တရားဝင် ပယ်ချရင် တရားဝင်ထုတ်ပြန်ရမှာပေါ့။ အခုဟာ အဲလိုမဟုတ်ဘဲ အမည်မဖော်တဲ့ အရာရှိဆိုတာတွေကို ကိုးကားပြီး သတင်းဌာနတွေက ရေးတာတွေကို ပြန်ကြားနေရတာပဲရှိတယ်။ အစိုးရဘက်က သတင်းထုတ်ပေးပြီး တဘက်က ဘယ်လို တုန့်ပြန်မလဲ ၊ ဘာပြောမလဲဆိုတာကို သွေးတိုးစမ်းတဲ့သဘောပဲ ထင်ပါတယ်"ဟု NLD ပါတီဝင်တဦးက သုံးသပ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved