အရပ်သားပါတီတိုင်း ကြုံတွေခဲ့ရတဲ့ ရွေးကောက်ပွဲ မသမာမှုများ

Tuesday, November 9, 2010

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောဆိုချက် - (ရခိုင်ဘာသာ-ခင်ဦးသာ)




ဒေါက်တာအေးမောင် ပြောဆိုချက် အကျဉ်းချုပ်


ရွေးကောက်ပွဲရလဒ်က မဲရုံမှူးတွေရဲ့တွက်ချက်မှုအရ ၄၄ ဦးပြိုင်တာမှာ ၃၅ ဦးက အတိအကျ အနိုင်ရပါတယ်။

အားရကျေနပ်မှု မရခဲ့ပါဘူး။ မတရားမှုတွေက အများကြီးရှိခဲ့ပါတယ်။ ဒီကြားထဲက အနိုင်ရခဲ့တာဟာ အမျိုးသားရေး
စိတ်ဓာတ်ကြောင့်ပါ။ နောက်တခုက အမျိုးသားစိတ်ရှိတဲ့ ဒေသခံတွေက စောင့်ကြည့်ပေးတာတွေ ကြောင့်ပါ။
လူထုက ကျနော်တို့ပါတီကို ၀န်းရံနေပါတယ်။

မတရားမှုတွေအတွက်လဲ သေချာစိစစ်နေပါတယ်။ ပြီးရင် ဒီရက်ပိုင်းမှာပဲ ဥပဒေအတိုင်းဆက်လုပ်သွားမှာပါ။
မဲလက်မှတ်မပါဘဲ မဲပေးခဲ့တဲ့ လူတွေ ၊ နှစ်ခါ၊ သုံးခါ မဲပေးခဲ့တဲ့လူတွေ ၊ ဘယ်ပါတီကိုပဲ ပေးပါဆိုတာတွေ အများကြီးပါ။
အသက်မပြည့်တဲ့ လူတွေမဲပေးတာလဲ တွေ့ထားပါတယ်။

ကြိုတင်မဲဆိုတာ အကန့်အသတ်နဲ့ပဲ ယူရတာပါ။ အခုဟာက မတရားယူထားတာတွေကြောင့် ဒီမိုကရက်တစ်ပါတီတွေ
က မဲပြောင်းပြန်တွေ ဖြစ်သွားတာပါ။

ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်မယ်ဆိုရင် တိတိကျကျ သက်သေအထောက်အထားတွေနဲ့လုပ်သင့်ပါတယ်။
ရှုံးလို့ လုပ်တယ်ဆိုတဲ့ ခံစားချက်တွေ မပါသင့်ဘူး။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မယူဆပါဘူး။ အကျဉ်းအကျပ်တွေ ကြားထဲက လုပ်ခဲ့
ရတာပါ။

မြ၀တီ ဒီကေဘီအေ တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြောရရင် မတရားလုပ်တဲ့နေရာတွေမှာ တိုက်ပွဲဆိုတာ ဖြစ်မှာပါ။ တရားတယ်၊ မတရားဘူးဆိုတာ ပြည်သူတွေက သိပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်က ပြောထားတဲ့အတိုင်း ကိုယ်ကျိုးမပါဘဲ ပြည်သူ့အကျိုးကို လုပ်သွားမှာပါ။

၂၀၀၈ ဖွဲ့စည်းထဲမှာပါတဲ့ အထဲက လုပ်လို့ ရတာတွေကို လုပ်သွားမှာပါ။ လွပ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ရမှာမဟုတ်ပါ။
အကျဉ်းအကျပ်ထဲကပဲ အမျိုးသားရေးအတွက် လုပ်သွားမှာပါ။

"ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာမှသာ ပြဿနာတွေ ပြေလည်သွားနိုင်မယ်" ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းဌေး ပြောဆိုချက်

1 comments :

  1. timothy said... :

    ဒါမတရားလုပ်တာ။ဘယ်ငြိမ်ခံလို့ဖြစ်မလဲ။ စာပို့တော့လဲ မတရားလုပ်တဲ့ဆီပြန်ရောက်တာပေါ့။ သူတို့ဂရုစိုက်ရင်တော့ခင်ဗျားတို့ပို့တဲ့စာကိုဆွဲဆုတ်ပြီးအမှိုက်ဘုံးထဲအရောက်ကြိမ်းသေပေါ့။
    စစ်အစိုးရကခုရွေးကောက်ပွဲပြီးမှသရဲဘီလူးစိတ်ပြန်ဝင်လာပြီ။ ဒါံ့ကြောင့်ခင်ဗျားတို့အတွက်ဆိုးတာက ညဘက်မှာတံခါးခေါက်ပြီးခဏမေးစရာလေးရှိလို့ဆိုတာတသက်စာထောင်နန်းစံဘို့ရှိတယ်။ တကမ္ဘာလုံးအာဏာရှင်တွေဒီလိုဘဲလုပ်တာဘဲဗျာ။ဘာဆန်းလို့လဲ။
    ခင်ဗျားတို့သတ္တိရှိတယ်ဆိုရင်တော့ရှောင်ပုန်း၊ တောလမ်းကထွက်ပေတော့။ အဖမ်းအသတ်နှိပ်စက်တာတော့မခံနဲ့။အကြိုးမရှိဘူး။ နယ်စပ်ရောက်ရင်တော်လှန်ရေးအုပ်စုတွေနဲ့ပေါင်းရင်အနဲဆုံးတော့ကိုယ်သစ္စာဖေါက်ခဲ့တဲ့ပြည်သူတွေအတွက်တပ်အားသရွေ့လေးပြန်လုပ်ပေးနိုင်တယ်။
    ဒါမှမဟုတ်လို့ငါတော့ဒုက္ခမခံနိုင်လို့သစ္စာဖေါက်လက်စနဲ့ဘဲစစ်တပ်ကိုပြန်တောင်းပန်၊ဖမ်းခံရ၊တောခိုရမဲ့ဒုက္ခတွေကြောက်သကိုး၊သူ့လက်အောက်ကိုခေါင်းကျို့ဝင်ပြီးဖုံးစံအတိုင်းအရိုးအရင်းပြစ်ချတာလေးတွေစား။ ဟား၊ဟား၊ဟား။
    ဒါ့ကြောင့်မဲမပေး၊မဲရုံမသွား၊သပိတ်မှောက်တဲ့ပြည်သူလူထုနဲ့လက်ချငိးချိတ်ပြီးရွေးကောက်ပွဲအတုကိုခြေစုံကန်ထွက်ခဲ့ဘို့အတန်တန်သတိပေးခဲ့တာဘဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved