ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားလက်ဆောင်ပေး

Sunday, November 14, 2010

ယမန်နေ့ညပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သရုပ်ဆောင်ဦးကျော်သူက သွားရောက်တွေ့ဆုံခဲ့ပြီး သူရေးဆွဲထားတဲ့ ပန်းချီးကားတချပ်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

7 comments :

  1. Anonymous said... :

    Cheers.. :D

  1. Shyam said... :

    အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ


    အမေစု------ မြန်မာ ပြည်သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သည်းငြီးခံတတ်ကြတယ်... ဟုတ်တယ်မလား...

    ပြည်သူများ---- ဟုတ်ပါတယ်.....

    အမေစု---- တကယ်ရော ဟုတ်ရဲ့လာ....

    ပြည်သူများ---- ဟုတ်ပါတယ်....

    အမေစု---- ဒါဆိုစမ်းကြည့်ရမလား....

    ပြည်သူများ---- စမ်းကြည့်ပါ....

    အမေစု--- ဒါဆိုရင် စမ်းမယ်နော်.... ဒီရှေ့က(စင်ရှေ့က)လူတွေက ကျမအသံကို ထိုင်ပြီးတော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက်(ရွှေဂုံတိုင်ဘက်ခြမ်း)ကလူတွေရယ် နောက်က လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ် ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား.....

    အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ....အမေစု အဲလိုဘဲ ပြောလိုက်ရော...ချက်ခြင်းဘဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ.... အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ...
    ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးအာ ချက်ချင်း နေရာလဲပေးကြတာဗျာ...
    အံ့သြဖို့ ကောင်းလိုက်တာ....

    ဒါဘဲဗျ.... ခေါင်းဆောင်ကောင်းဆိုတာ...လူတွေရဲ့ ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီးအုပ်ချုပ်နေစရာမလိုဘူး.... ထောင်နဲ့ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး...
    စကားလေး တစ်ခွန်းပြောပြီး ညင်ညင်သာသာခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားဘဲဗျ...
    လေးစားဖို့ကောင်းလိုက်တာဗျာ.... 

  1. ahphyulay said... :

    အင်း ....
    အပြောနဲ့  အလုပ် တစ်ထပ်ထဲ ကျနေတဲ့  “ သူ ”နှစ်ယောက်ပါလား။
    အကြည်နူးရဆုံး ပုံကလေးပါပဲ။
    ကြာရှည်လေးမြင့် ရည်တည်နေနိုင်ကြပါစေ...။

  1. အခုဟောပြောပွဲမှာ လူတွေ နေရာလဲပေးတယ်..မှတ်မိသေးတယ် ဟိုး....လွန်ခဲ့တဲ့ (၁၅)နှစ်ကျော်က ခြံရှေ့ဟောပြောပွဲမှာ.... လာနားထောင်တဲ့ ပရိတ်သတ်ရဲ့ အခင်းလုပ်တဲ့ စက္ကူတွေဟာ ဟောပြောပွဲလည်း ပြီးရော အမှိုက်တွေအဖြစ် ကျန်ခဲ့တယ်။ ဘယ်တာဝန်ခံမှ တိုက်တွန်းလို့မရဘူး နောက်ဒါကို သိသွားတဲ့ အမေစုက ဟောပြောပွဲ အပြီး လူထု ပရိတ်သတ်ကို ပြောတယ်..လူတွေဟာ မိမိတာဝန် မိမိကျေပြွန်ဖို့လိုတယ် စည်းကမ်းရှိဖို့ လည်းလိုတယ် ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ တခုပဲ့ ဒါကြောင့်...မိမိယူလာတဲ့ အခင်းစက္ကူကို ပြန်ယူသွားပြီး အမှိုက်စွန့်တဲ့ နေရာမှာ စွန့်ပစ်ဖို့ တိုက်တွန်းလိုက်တာနဲ့...အဲဒီနေ့ ညနေ အမေစုအိမ်ရှေ့နဲ့ ပတ်ဝန်းကျင်မှာ အမှိုက်ဆိုလို့ သစ်ရွက်ခြောက် တရွက်တောင် မကျန်ခဲ့တော့ဘူး။ အဲဒီကတည်းက ကျနော်တထစ်ချ ယုံကြည်သွားတယ် ဒေါ်အောင်ဆန်းစုကြည် သာလျင် မြန်မာတမျိုးသားလုံး အတွက် စစ်မှန်သော ဦဆောင်မှုကို ပေးနိုင်တဲ့သူလို့..။

  1. Anonymous said... :

    perfect combination

  1. Anonymous said... :

    အမေစုက နေရာလဲ ပေးလိုက်ပါလားဆိုတော့  လူထုကလဲပေးပါတယ်။ သူတို့ ပဲ မလဲပေးတာ။ လူမိုက်တွေလေ။ မိုက်တွင်းနက်နေကြတာ။ အမေစုက စကားပြောတာ ပညာသားပါတယ်နော်။ သတိထား မိမလားမသိဘူးနော်။ ဒီလောက် တကမ္ဘာလုံးက ချစ်ခင်လေးစားပြီး အသိမှတ်ပြု လက်ခံတဲ့ အရမ်းတော်တဲ့ အရည်ချင်းရှိတဲ့ အမျိုးသမီးကို ခေါင်းဆောင်နေရာမပေးပဲ တကမ္ဘာလုံးနဲ့  ငါတို့ တအုပ်စုနဲ့ ငါတကော ကောနေတဲ့ ...တိုင်းပြည်တိုးတက်ဖို့ တိုင်းသူပြည်သားတွေ အတွက် မကြည့်တာ အတော်လူမဆန်တဲ့ နအဖ။ လူလူချင်း ကိုယ်ချင်းမစာ။ သူတို့ တစုချမ်းသာ ။ တိုင်းသူပြည်သားတွေ ဆင်းရဲ တွင်းနက်သထက် နက်အောင် လုပ်တယ်။ အ၀ီစိသွားကြမဲ့ အုပ်စု...

  1. Anonymous said... :

    ပန်းချီကားလက်ခံသူနဲ့ပန်းချီကားဆွဲသူ (၂) ယောက်ပေါင်းပြီးကြည့်ရတာ ကျက်သရေမင်္ဂလာရှိပါပေတယ် ..
    ကျေးဇူး ပါပဲ...... ဧရာဝတီ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved