ဦးတင်ထွဋ် မိသားစု နေပြည်တော်မှ အပြန် ယာဉ်တိမ်းမှောက် သေဆုံး

Wednesday, November 24, 2010

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်နှင့် နီးစပ်သော ဆက်သွယ်ရေးကုမ္ပဏီပိုင်ရှင် ဦးတင်ထွဋ်မိသားစုသည် ယမန်နေ့ညနေ ၆ နာရီခန့်က ကားတိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားပြီဖြစ်သည်။

နေပြည်တော်မှ ရန်ကုန်အပြန် ပဲခူးမြို့အနီး မိုင်တိုင်အမှတ် ၆၁ အနီးတွင် ကားဘီးပေါက်ရာမှ အရှိန်လွန်ကာ ကားတိမ်းမှောက်ခဲ့ပြီး ဦးတင်ထွဋ် ၊ ဇနီး ၊ သားနှင့်သမီး မိသားစု လေးဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက"သူက စင်ကာပူက ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးတာဝါတိုင်တွေ ထောင်ပေးတဲ့လုပ်ငန်း လုပ်နေသူပါ။ သူ့သားကလည်း စင်ကာပူကနေ ပြန်လာတာ မကြာသေးဘူး။ မိသားစုလေးဦးစလုံး နေပြည်တော်က အပြန်မှာ ကားမှောက်သေဆုံးခဲ့ကြရတာ"ဟု ဆိုသည်။

ယခုနှစ်ဆန်းပိုင်းက ရန်ကုန်-နေပြည်တော်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးတဦး သေဆုံးခဲ့ရသည်။

နေပြည်တော်ကားလမ်းသည် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သွားလာနေသူများက ပြောဆိုကြသည်။

5 comments :

  1. Anonymous said... :

    All of them are going to end up their life on that road as they build that city with the people tears and blood.

  1. Anonymous said... :

    "နေပြည်တော်ကားလမ်းသည် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သွားလာနေသူများက ပြောဆိုကြသည်။ "
    ဖြစ်မှာပေါ့ ခင်းထားတာကိုက တမံတလင်းလမ်း ကတ်တရာလမ်းမဟုတ်ဘူး....ဘယ်နိုင်ငံကမှာ ဒီလိုနည်းလမ်းနဲ့လမ်းခင်းမှာမဟုတ်ဘူး တို့ ချီးထုတ်တွေကတော့ တမံတလင်းခင်းပါတယ်...

  1. Anonymous said... :

    လက်ရှိ ဘိုချုပ်ကြီးတွေ ဘိုချုပ်တွေ (ချီးထုပ်) တွေက ပညာမတတ်ဘူး။ လမ်းခင်းတာကို ညွန်ကြားတဲ့ အင်ဂျင်နီယာ တွေကလဲ တကယ် ပညာ မတတ်ဘူး။ သူတို့ က တံမံတလင်း ခင်းတဲ့ သာသာ ပဲတတ်တယ်။ ဒီတော့ လုပ်ထားတဲ့လမ်းက တံမံတလင်း သာသာ အဆင့်ပဲ ရှိတယ်။ ကန်ထရိုက်တိုက်ဆောက်ရင် သံမံသလင်း ခင်းသလို တတ်သမျှ နဲ့ ပြီးပြီးရော လုပ်ထားတဲ့ အခါ ဒီလို အဖြစ်တွေ ဖြစ်လာရတာပဲ။ အော် ဒုတ်ခ ဒုတ်ခ အနိစ္စ အနတ္တ။

  1. Anonymous said... :

    "All of them are going to end up their life on that road as they build that city with the people tears and blood. "
    That is very right.

  1. Anonymous said... :

    U thein Htut ( Thomas ), Wife and 2 Sons..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved