လာဦးမှာလား ၆ ကြိမ်မြောက် မုန်တိုင်း

Monday, November 15, 2010

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး လာမည့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပြန်ပါပြီ။ အောက်တိုဘာလနောက်ဆုံးပတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဂီရိ မုန်တိုင်းနောက် ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်း ဂျယ်လ် ကတော့ အိန္ဒိယကမ်းခြေကို ၀င်ရောက်တိုက်ခတ်ခဲ့ပါပြီ။ အခု ဖြစ်ပေါ်လာဖွယ်ရှိတဲ့ မုန်တိုင်းငယ်ဟာ ဘယ်ကို ဦးတည်မယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်တည်တဲ့ မုန်တိုင်းတွေ အားလုံးဟာ မြန်မာနိုင်ငံကိုလည်း ၀င်ရောက်နိုင်တာကြောင့် သတိပြုသင့်ပါကြောင်း ဧရာဝတီက နှိုးဆော်လိုက်ရပါတယ်။

ပုံကို ကလစ်နှိပ်၍ ဒေါက်တာထွန်းလွင် ခန့်မှန်းချက်ကို ဖတ်ရှုနိုင်ပါတယ်။



-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved