ဂျပန်လှုပ်ရှားမှု

Tuesday, November 23, 2010

ယနေ့ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေလိုလားသူများ စုပေါင်းဖွဲ့စည်းထာေးသာ ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေး ကော်မတီ(ဂျပန်)က ဦးဆောင်၍ ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအား ကြိုဆိုထောက်ခံသေည့် အခမ်းအနားတရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂအဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမှုကို ကြိုဆိုထောက်ခံသော ထုတ်ပြန်ချက်များကိုဖတ်ကြားကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရောက်ပို့မည့် AUTOစာအုပ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောချင်သော မိမိတို့၏ ဆန္ဒများ၊ဆုတောင်းများ၊တောင်းဆိုမှုများ...အစရှိသည်တို့ကိုလည်း ရိုးသားပွင့်လင်းစွာရေးခဲ့ကြပါသည်။ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲက အမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´ သီချင်းကို PRMG တေးဂီတအဖွဲ့နှင့်အတူ တက်ရောက်လာသူများအားလုံးမှ သီဆိုဟစ်ကြွေးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါသည်။

အခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများမှ လူဦးရေ(၃၀၀)ကျော်ပါဝင်ဆင်နွှဲခဲ့ပါသည်။

အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူတချို့နှင့်တက်ရောက်လာသူ တချို့အားလည်း ဂျပန်နိုင်ငံNHKသတင်းဋ္ဌာနမှ အင်တာဗျူးများပြုလုပ်သွားကြောင်းလည်း သိရပါသည်။

သတင်းမျှဝေခဲ့သော ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ မနန္ဒာကို ကျေးဇူးတင်ကြောင်းပါ။ မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးပါတယ်။








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved