ကျားဖြူသတင်းလွှာ အမြင်

Thursday, November 18, 2010

ကျားဖြူသတင်းလွှာအနေနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လွှတ်လာတာကို ၀မ်းသာတယ်၊ ကြိုဆိုတယ်ထို့အတူ ယုံကြည်ချက်အရ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ရှမ်းခေါင်းဆောင်တွေ လွှတ်မြောက်လာဖို့ကို လည်း ကျနော်တို့ လိုလားတယ် ကျနော်တို့မြင်ချင်ပါတယ်။

ဒါတင်မကပါဘူး ယုံကြည်ချက်အရ ထောင်ကျခံနေရတဲ့ နိုင်ငံရေးသမားများအားလုံး လွှတ်မြောက်လာစေဖို့အတွက်လည်း ကျနော်တို့ရင်ထဲကနေ အမြဲတမ်း ဆုတောင်း နေပါတယ်။

မြန်မာနိုင်ငံမှာ အရေးကြီးဆုံးနဲ့ အရေးပါဆုံး နိုင်ငံရေးပြသာနာဟာ စစ်အာဏာရှင်စနစ်ကြီးနဲ့ တိုင်းရင်းသားအရေးပဲဖြစ်ပါတယ် ဒီပြသာနာကို ရှောင်လွဲပြီးတော့ နိုင်ငံရေးအဖြေရှာမယ်ဆိုရင် နောင်နှစ်ပေါင်းတစ်ရာလည်း ဒီအတိုင်းပဲ တိုင်းပြည်ဟာ အရာအားလုံး ဆင်းရဲခြင်းဆိုတဲ့ ပေးဆပ်မှုနဲ့ ခရီးဆက် နေရဦးမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးနဲ့ အရေးပါဆုံးဆိုတာက ပြသာနာရဲ့ ပင်မလက်သည်ကို ဆိုလိုတာပါ။

အဲဒါကို မလျော့ချနိုင်သရွေ့ မဖြေရှင်းနိုင်သရွေ့ တိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါ။

ဒါကြောင့်တိုင်းရင်းသားအရေးကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ဆိုတာ ဒုတိယ ပင်လုံညီလာခံလိုမျိုး မလွဲမသွေလိုအပ်ပါတယ်။

တိုင်းရင်းသားနဲ့ ဗမာလူမျိုးအကြား၊ တိုင်းရင်းသားနဲ့ စစ်တပ်အကြား ဒိုင်ယာလော့တွေ ရှိလာနိုင်ရေးမှာ ဒုတိယပင်လုံညီလာခံလိုမျိုး တွေ့ဆုံ ဆွေးနွေးနိုင်မယ့် နိုင်ငံရေးစားပွဲဝိုင်းလိုပါတယ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူး ဖက်ဒရယ်ဆိုတာ ပေါင်းစည်းရေးပဲ ဒါဟာဒို့ရဲ့ယုံကြည်ချက် ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားအချင်းချင်း တန်းတူရည်တူ ပေါင်းစည်းရေး အတူတကွ ညီမျှစွာ ပေါင်းဖက်ကာ နေထိုင်ရေးပဲ တခြားအဓိပ္ပါယ်ဘာမှ မရှိဘူး။

ပို့စ်တင်သူ မှတ်ချက်။ ။ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်းလို့ ပင်မ တိုင်းရင်းသားလူမျိုးစုတွေကို မူလတန်းစာအုပ်တွေမှာပင် အတိအလင်း ဖော်ပြထားတဲ့အတိုင်း ဗမာဆိုတာဟာလည်း ပြည်ထောင်စုအတွင်း နေထိုင်နေသော တိုင်းရင်းသား တမျိုးဟုသာ မှတ်ယူပါကြောင်း။

2 comments :

  1. Anonymous said... :

    that right.

  1. Anonymous said... :

    ဖြစ်နိုင်ရင်တော့ကောင်းတာပေါ့ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဗိုလ်ချုပ်ကြီးတွေ အတွက်တော့ရီစရာဖြစ်နေမှာပဲ သူ့ တို့ က ဂရုစိုက်သဘောလူလက်ခံမှာ မဟုတ်ဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved