နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပ

Thursday, November 25, 2010







နယူးဒေလီ၊ ဗီဂက်စ်ပူရီရပ်ကွက် မြန်မာ့ရိပ်သာခန်းမမှာ ကျင်းပတဲ့ “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား” ဓာတ်ပုံတွေပါ။
HREIB အဖွဲ့နဲ့ WLB တို့ ပူးပေါင်းလုပ်တာပါ။

ခန်းမ အ၀င်မှာ ၀ါသနာရှင်တွေ ရေးဆွဲပေးပို့တဲ့ ကဗျာ၊ ကာတွန်းတွေ ရှိပြီး အမှတ်တရ လက်မှတ်ရေးထိုးဖို့ ပိတ်ကားတခုလည်း လုပ်ထားပါတယ်။

အခမ်းအနား အစီစဉ်တွေကတော့ စတိတ်မန့်ဖတ်တာ၊ အဖွဲ့စည်းတွေက ခေါင်းဆောင်တွေ မိန့်ခွန်းပြောတာနဲ့ အမျိုးသမီးအဖွဲ့ရဲ့ အထိမ်းအမှတ် ပြဇာတ်တိုတခု ကပြဖျော်ဖြေတာပါပဲ။

စတိတ်မန့်မှာ ပါတာကတော့ မြန်မာအမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှု သံသရာထဲမှာပဲ ဆက်ပြီး ကျရောက်နေအုံးမှာမို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာက ကန့်ကွက်ကြဖို့တိုက်တွန်းတာနဲ့ ကုလသမဂ္ဂက ကန့်ကွက်ထားတာကိုလည်း ကြိုဆိုတယ်ဆိုတဲ့ အကြောင်းတွေပါ။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း အလားတူ အခမ်းအနားကို ဒီနေ့ညနေမှာ ကျင်းပခဲ့ပါတယ်။

4 comments :

  1. Anonymous said... :

    သိချင်တာလေးတစ်ခုလောက် မေးချင်လို့ပါ။ အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်ရေးတွက် လုပ်တာကို ဘုန်းကြီးတွေက ရှေ့ဆုံးကနေ ဘာလာလုပ်တာလည်းမသိဘူးနော်။ဘုန်းကြီးက ဘုန်းကြီးကျောင်းမှာပဲ ရှိရမှာမဟုတ်ဘူးလား?

    ကိုလူမော်

  1. Anonymous said... :

    ကိုလူမော် ခင်များမြင်တဲ့ ဆရာတော်ဟာ အဲဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ အဖွဲ့တစ်ခုခုနဲ့ ပတ်သက်တဲ့ ဆရာတော်ဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးက ဘုန်းကြီးကျောင်းမှာဘဲရှိရမယ်ဆိုတဲ့ အယူအဆဟာ ရုတ်တရက်ကြည့်ရင် မှန်သလိုလိုရှိပေမဲ့ အဲဒါဟာ ဘုရားစကားတော်နဲ့ မကိုက်ညီပါဘူး။ ဘုရားရှင်က "စရထ ဘိက္ခဝေ စာရိကံ" အရပ်လေးမျက်နှာသို့ ခရီးသွားပြီး သာသနာပြုရမယ်လို့ ဟောထားပါတယ်။ သာသနာပြုတယ် ဆိုတာ လောကကောင်းကျိုး ဆွေမျိုးကောင်းကျိုးတွေကို စောင့်ရှောက်ပြုလုပ်တာရယ် ဘုရားရှင်ရဲ့ တရားတော်တွေကို လူအများသိအောင် ကျင့်နိုင်အောင် ဖြန့်ဖြူးတာကို ပြောတာပါ။

  1. Anonymous said... :

    မိန်းခလေးတွေက ပြောတယ်...သူတို့အကြမ်းဖက်တာကို မကြိုက်ဘူးတဲ့...
    အဖက်ကြမ်းတာကိုပဲ ကြိုက်တယ်တဲ့.....

  1. mgthant said... :

    To Anonymous November 26, 2010 10:10 AM

    This is not an issue to make a joke !
    Behave yourself !

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved