ကြိုပြီး စီထားသလား

Sunday, November 7, 2010


MRTV 4 မှာ အနိုင်ရတဲ့ ပါတီတွေကို အခု ကြေညာနေပါတယ်။ ညနေ ၄ နာရီကနေ ၆ နာရီအတွင်း မဲရုံပိတ်ပါတယ်။

မည်သို့ ရေတွက်လိုက်သည် မသိ၊ မည်သို့ စာစီလိုက်သည် မသိ၊ အခုကြေညာနေပါပြီ။

ပရိသတ်များကတော့ ပြောပါတယ်။

“ကြိုပြီး စာစီထားသလိုပဲတဲ့”

ဘာလို့လဲဆိုတော့ အနိုင်ရတာက ကြံ့ဖွံ့ပါတီကချည်း ဖြစ်နေလို့ပါပဲ။

1 comments :

  1. Anonymous said... :

    နိုင်ငံတဝှန်း မဲဆန္ဒနယ် ၅၂ နယ်မှာ ပြိုင်ဘက်မရှိတာကြောင့် ကြံ့ဖွံ့အမတ်လောင်းတွေ အနိုင်ရသွားပြီလို့ စစ်အစိုးရ ရုပ်သံလိုင်း MRTV က ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

    ရှမ်းပြည်နယ် လောက်ကိုင်၊ နမ့်ဆန်၊ ကုန်ကြမ်း၊ ကရင်ပြည်နယ် မြဝတီနဲ့ တနင်္သာရီတိုင်း ကျွန်းစုမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ အပါအဝင် ၅၂ နေရာမှာ ဝင်ပြိုင်တဲ့ တခြားအမတ်လောင်းတွေ မရှိလို့ အလိုလျောက် အနိုင်ရခြင်း ဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၉၊ အပိုဒ် ၄၁ (က) တွင် ’’မဲဆန္ဒနယ်နယ် တနယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိလျှင် ယင်းနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုတော့ဘဲ ထိုသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြောင်း’’ ဖော်ပြထားပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved