မန္တလေးမြို့မှ အိမ်တချို့ကို ထူးကုမ္ပဏီ သိမ်းပိုက်

Monday, November 1, 2010


ပြောင်းရွှေ့ပေးခဲ့ရသော မြေနေရာ

မန္တလေးခရိုင် ချမ်းအေးသာဇံမြို့နယ် ၆၇ လမ်း၊ ၂၉လမ်းနှင့် လမ်း၃၀ကြား အထက(၁၆) အနီးရှိ အိမ်ခြေ ၂၀ ခန့်ကို ဒေသအာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

"ကျနော့် မိတ်ဆွေအိမ်လည်းပါသွားတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ပြောင်းခိုင်းလိုက်တာ။ ဦးတေဇပိုင် ထူးကုမ္ပဏီက အဲဒီနေရာကို ယူသွားတာပါ။ ဘာလုပ်မယ်ဆိုတာတော့ မသိရသေးဘူး"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ဖယ်ရှားပေးခဲ့ရသော အိမ်များသည် ဂရမ်အမည်ပေါက်ရှိပြီး အိမ်များဖြစ်ကာ ၊ ပြောင်းရွှေ့ပေးရခြင်းအတွက် လျော်ကြေးတစုံတရာလည်း မရရှိခဲ့ကြောင်း မန္တလေးမြို့ခံက ဆိုသည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကလည်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒေသခံများ ပိုင်ဆိုင်သော လယ်ယာမြေများကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက လျော်ကြေးတစုံတရာ မပေးဘဲ သိမ်းပိုက်ခဲ့သဖြင့် ဒေသခံများက ကချင်ပြည်နယ်တရားရုံးတွင် အမှုစွဲဆိုထားသည်။

ချမ်းအေးသာဇံမြို့နယ်ရှိ အိမ်များ ပြောင်းရွှေ့ခံရမှုနှင့်စပ်လျဉ်း၍ သတင်းအပြည့်အစုံကို ဧရာဝတီက ဆက်လက်ဖော်ပြပေးသွားပါမည်။

2 comments :

  1. Anonymous said... :

    ဧရာဝတီရေ ကြည့်လုပ်ပါဦး။ အဲ့နားမှာ လူမနေတာ လူတိုင်း သိပါတယ်။ ဘလော့ဆိုပြီး ရေးချင်တိုင်း ရေးရင်တော့ သောက်ပေါတွေ ဖြစ်ကုန်မယ်နော်။

  1. Anonymous said... :

    ဘာတွေကိုသိမ်းပိုက်သိမ်းပိုက်သေရင်ယူသွားလို့မှ မရတာ ။ခင်များကြီးတို့ ထမင်းဝ အောင်သာ စားထားကြပါ။ တစ်နေ့ ကိုယ် မရှု့မလှခံရမှ ကိုယ့်ကိုယ်ကို သတ်သေကြပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved