စစ်ပွဲကြောင့် မြ၀တီမြို့ ခံများ ထွက်ပြေးပြန်

Monday, November 29, 2010

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ၅ မိုင်အကွာ ဒေသတွင် စစ်အစိုးရတပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်မျိုးသား တပ်မတော် (DKBA ) တပ်ဖွဲ့များ ပြီးခဲ့သော သောကြာနေ့မှ စတင်၍ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ တဖက်ကမ်း မဲဆောက် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း တကျောင်းသို့ ဒေသခံ လူဦးရေ ၁၀၀၀ ခန့် ထွက်ပြေး တိမ်ရှောင်လာရကြောင်း သိရသည်။



ထွက်ပြေးတိမ်းရှောင်လာသူများသည် မြ၀တီမြို့နယ် ရှိ ဖလူးကျေးရွာ ဒေသခံများဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့သော DKBA နှင့် နအဖစစ်တပ်တို့၏ စစ်ပွဲကြောင့် မြ၀တီမြို့ခံ ၂ သောင်းကျော် ထိုင်းဘက်သို့ ထွက်ပြေးခဲ့သေးသည်။






မြ၀တီမြို့ဘက်မှ စစ်ပြေးဒုက္ခသည်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာစဉ်





ထိုင်းဘုန်းကြီးကျောင်းတိုက်တခုသို့ စစ်ပြေးဒုက္ခသည်များ ခိုလှုံ





စစ်ပြေးဒုက္ခသည်များကို ထိုင်းအာဏာပိုင်များ စာရင်းကောက်ယူနေစဉ်




လုံခြုံရေးယူထားသည့် ထိုင်းစစ်တပ်

2 comments :

  1. Unknown said... :

    DKBA လုပ်ထား ..

  1. Anonymous said... :

    သူများတွေ ဒုက္ခဒီလောက်ထိရောက်နေတာကို အားပေးနေတယ်ဆိုတော့ စိတ်ဓါတ်အဆင့်တန်းကလည်း နိမ့်ကျလိုက်တာ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved