KNU လက်ချက် KNU လက်ချက် အဟွတ် အဟွတ် !

Wednesday, November 10, 2010



အရပ်သားတွေ သောင်းနဲ့ချီ အိုးပစ်အိမ်ပစ် ထွက်ပြေးရလောက်အောင် ဖြစ်ခဲ့တဲ့ အပစ်အခတ်တွေဟာ KNU လက်ချက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးတို့က သတင်းစာကနေ အတည်ပေါက် ပြောလိုက်ပါတယ်။

၈၈ ဆိုတဲ့ ဂဏန်းနဲ့ အစပြုတဲ့ နာမည်ကြီး ပါတီတခု တနေရာမှ မနိုင်အောင် လုပ်လိုက်တာလည်း KNU လက်ချက် ဖြစ်ကြောင်း မနက်ဖြန် ကြားရမယ် ထင်တယ်။

ဂျပန် စာနယ်ဇင်းသမား မြ၀တီသွားအောင် အခါတော်ပေးတာလည်း ကရင် လက်နက်ကိုင် အဖွဲ့ KNU ပဲ ဖြစ်ရမယ်။ မြ၀တီမြို့ဆိုတာ ကရင်ပြည်နယ်ထဲမှာ ရှိတယ်လေ။

ကျနော် မနေ့က ၁၅ မိနစ်ကြာအောင် ခေါင်းကိုက်တာလည်း KNU လက်ချက် ဖြစ်နိုင်တယ်။ ကရင်ပြည်နယ်ဘေးမှာ ၄ နှစ်လောက် နေခဲ့ဖူးတယ် ဆိုတော့ ဖြစ်နိုင်တာပေါ့။

ဟိုနေ့က ဒါရိုက်တာ တင်သန်းဦး ကွယ်လွန်သွားပြီလို့ ဆိုတယ်။ အဲဒါလည်း KNU လက်ချက် ဖြစ်ဖို့ များတယ်။ ဒီငနဲ မသေခင်က သုမွဲထသစ္စာ၊ သုမွဲထဂရုဏာတို့ ဘာတို့ ဆိုပြီး ရိုက်သွားတော့ KNU က သမ လိုက်တာ ဖြစ်မယ်။ အဲဒီရုပ်ရှင်ဇာတ်ကား ဖားအံမှာ သွားရိုက်တုန်းက KNU ကွန်မန်ဒိုတွေ သူ့ကို ခြုံခို တိုက်တာ ထိသွားတယ် လို့ ချင်းမိုင် ရုက္ခစိုးကြီးက ပြောတယ်။ အဲဒီတုန်းက ထိသွားတဲ့ အဆိပ်အပ်က အခုမှ အစွမ်းပြတာ ဖြစ်မယ်။

(ဘီရုမာရဲ့ ကာတွန်းကို ဖျက်လိုက်မိတယ်။ )

27 comments :

  1. KNU said... :

    သန်းရွှေသမီး ဗိုက်ကြီးတာလဲ KNU လက်ချက်ပဲ..။ ရွေးကောက်ပွဲမှာ မဲခိုးရတာလည်း KNU လက်ချက်ပဲ။ နေပြည်တော်ဆောက်ရတာလည်း KNU လက်ချက်ပဲ။ သန်းရွှေမိန်းမ မော်ဒယ်ဘွိုင်းတွေကို ခိုးစားနေရတာလည်း KNU လက်ချက်ပဲ။

  1. Anonymous said... :

    အင်တာနက်တွေပျက်တာလည်းKNUကြောင့်ဖြစ်ရမယ်။:)

  1. Anonymous said... :

    ငမြ ဗိုလ် ဓါးပြ သန်းရွေ ပြည်သူ့ ဝိုင်းတွေရဲ ထားတယ်။

  1. Anonymous said... :

    အောင်သိန်းလင်း အိမ်ကို ချီးထုပ်နဲ့ ပေါက်တာလဲ KNU ဗျ။

  1. saw KNu said... :

    Irrawaddy ကို hack တာလည်း KNU ပဲဖြစ်မှာ... ဟီးဟီး

  1. Unknown said... :

    နန်းဆုရတီစိုးပျောက်တာလည်းKNUလက်ချက်ဘဲဖြစ်ရမယ်။
    ပျဉ်းမနားမြို.လယ်ကဖာရုံတစ်ခုမှာစစ်ဗိုလ်တွေနဲ.ရပ်ကွက်ကကောင်လေးတွေမိန်းခလေးအသစ်ရောက်လာတော့လုကြရင်ရိုက်ကြ
    တာKNUလက်ချက်ဘဲ။ကချင်ပြည်နယ်ကလယ်မြေတွေကိုဌေးမြင့်
    ဆိုတဲ့နွားသိမ်းတာKNUလက်ချက်ဘဲ။မင်္ဂလာဒုံတပ်နယ်မှာကြက်
    ဈေးပေါလာတာကျနော်သိတယ်KNUလက်ချက်ဘဲ။

  1. ပြည်သူကိုချစ်တယ် said... :

    အေး...ကုန်ဈေးနှုန်းတက်တာလဲစစ်တပ်လုပ်တာ...ဟိုဟာဖြစ်တာလဲ
    စစ်တပ်ဆိုပြီးခင်ဗျားတို့အော်နေကြတာကရော..တော်တော်တရားတဲ့လူတွေပဲ
    ခင်ဗျားတို့ ထမင်းစားတာရောဟုတ်ရဲ့လားဗျ....

  1. ငါလဲပြည်သူကိုချစ်တာပဲ said... :

    ဟေ့ အရူး..... အဲဒီ ကုန်ဈေးနှုန်းတို့.... စီးပွားရေးတို့ဆိုတာရော.... မင်းအဖေတွေထိန်းချုပ်ထားတာ မဟုတ်လား??? အဲဒီတော့မင်းအဖေကို လက်ညိုးမထိုးလို့ KNU ကိုလက်ညိုးထိုးရမှာလား?? မင်းခေါင်းထဲမှာ ဦးနှောက်ရှိရင် စဉ်းစားပေါ့...

  1. Anonymous said... :

    ကုန်ဈေးနှူန်းတက်တာလဲ စစ်တပ်လုပ်တာတော့မဟုတ်ဘူးပေါ့ကွာ၊ တပ်မိသားစုကိုယ်တိုင်
    ကုန်ဈေးနှုန်းကြီးမြင့်မှု့ဒဏ်ကိုခံစားနေရတာပဲ၊ စစ်တပ်လုပ်တာမဟုတ်ပေမယ့် စစ်တပ်ကိုချုပ်ကိုင်ထားတ၊ဲ့ ဦးစီးချုပ်လုပ်နေတဲ့၊ တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ သက်ကြားအိုကြီး
    ရဲ့မှားယွင်းသောစီမံခန့်ခွဲအုပ်ချုပ်မှု့တွေကြောင့်တိုင်းပြည်ဆင်းရဲတွင်းနက်နေတာတွေကိုတော့ ထမင်းစားတဲ့လူတိုင်းသိကြတယ်။

  1. Anonymous said... :

    ကုန်ဈေးနှုန်းတက်တာလည်း KNU လက်ချက်ပဲ၊ င်္FEC ဈေးကွက်မ၀င်တာလဲ KNU လက်ချက်ပဲ...ခစ်..ခစ်...ကျေနပ်ပလား။ နောက်ဘာတွေ ၀န်ခံပေးရဦးမလဲ...ခစ်..ခစ်..။ သြော်...ပိုက်ဆံအစုတ်တွေကို ပလတ်စတစ်အိပ်နဲ့ထည့်သုံးရတာလဲ KNU လက်ချက်ပဲ...ခစ်..ခစ်

  1. Anonymous said... :

    လောလောဆယ် ရခိုင်ူပည်နယ်မှာတိုက်သွားတဲ့ ဂီရိ မုန်တိုင်းကလဲ KNU လက်ချက်ပဲဖြစ်ရမယ်။ :):):)

  1. Anonymous said... :

    ဟီးဟီး။
    KNU ; KNLA တော်မှန်း ခုမှ သိရသဗျာ။ ကျေးဇူးပါ။
    တိုင်းပြည်သယံဇာတ တွေ ရောင်းစားပီး အိပ်ကပ်ထဲ ထည့် နေတာလဲ ကေအင်န်ယူ လားဘဲ။
    တေဇ စသော ခေတ်ပျက်သူဌေး ကြီးတွေ ပေါ်လာတာလဲ ကေအင်န်ယူ လုပ်တာဘဲလား။
    အခွန်ထမ်းပြည်သူတွေ ဂုတ်ပေါ်ခွစီးထားတဲ့ ဦးပိုင်၊ MEC တွေ ကလဲ ကေအန်ယူ တွေလားဗျာ။
    ဟီးဟီး။

  1. Anonymous said... :

    ကျုပ်ကတော့ ပြည်သူဗျ.....ကဲကိုကဲတယ်..အမှန်တရားဖက်ကိုရပ်တည်ကြပါလားလို့...ပြည်ချစ်တပ်မတော်ဆိုရင်ပြည်သူဖက်ကိုရပ်တည်ပါလားလို့
    သက်သေပြပါ...တပ်မတော်ဂုဏ်ကိုဆယ်ပါ...ပြည်သူယုံကြည်အားကိုးလောက်အောင်လုပ်ပါ...
    သမိုင်းကောင်းကျန်အောင်လုပ်ကြပေါ့....ဘုရင့်နောင်၊ကျန်စစ်သား၊ရာဇာဓိရာဇ်၊ဗိုလ်ချုပ်အောင်ဆန်းတို့လို...

  1. ကျွန်တော် အီအီး ပါတာ သန်ကောင်တစ်ကောင် ကျတယ်..အဲ့တာ KNU ကြောင့်ပဲလား ....ဟားဟားဟား....

  1. Anonymous said... :

    စစ်တပ်ဆိုတာ ဗိုလ်ချုပ်လက်ထက်ကတည်းကလည်း မြန်မာ့စစ်တပ်ပါပဲ။ အခုလည်း မြန်မာ့စစ်တပ်ပါပဲ။ အထက်က ခေါင်းဆောင် အာဏာရှုးတွေကြောင့် နာမည်ပျက် သိက္ခာပျက်ဖြစ်နေကြတာပါ။ လူတိုင်းကောင်းတယ်လို့မဆိုလိုပါ လူတိုင်းလည်း မကောင်းဘူးလို့ မပြောပါ။ အပြောင်းအလဲကို လိုလားတဲ့ အရာရှိစစ်သည်တွေလည်း ဒုနဲ့ဒေးပါပဲ။ အပေါ်မှာရေးထားတဲ့ ရေးထားတဲ့ KNU ဘက်တော်သားတွေ။ KNU ဆိုတာ ကရင်ပါ လူမျိုးရေးခွဲခြားနေတာ မဟုတ်ပါဘူး။ သူလူမျိုးပေါ်မှာတော့ သူကောင်းအောင် နေနိုင်ကြမှာပါ မြန်မာပြည်အလယ်ပိုင်းတို့ ရန်ကုန်တို့မှာ သာ သူတို့ စစ်ဆင်ရေးတွေ လာလုပ်နေရင် ဗမာတွေနဲ့ အခြားတိုင်းတိုင်းရင်းသားတွေပေါ်မှာရော ကောင်းနိုင်ပါ့မလား။ အခုမှ လူစိတ်ဝင်နေကြတာပါ အရင်တုန်းကဆို သူ့လူမျိုးလည်းမရပါဘူး။ စစ်တပ်က လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါဟာလည်းမတရားပါဘူး ရှုံချပါတယ်။ တပ်တိုင်း၊ အရာရှိတိုင်း လုပ်ခဲ့ကြတာတော့မဟုတ်ပါဘူး။ နိုင်ငံရေးသည် တရားမျှတမှု မရှိပါ။ ဒါပေမယ့် တရားမျှတစေချင်ပါသည်။

  1. timothy said... :

    Who is ပြည်သူကိုချစ်တယ်ဆိုတဲ့လူ။ သန်းရွှေ၊ ဒါမှမဟုတ်သူ့ပထွေး၊သူ့အောက်ဆွဲဖေါ်လံဖါး၊စစ်တပ်ချီးစားခွေးဝဲစားဘဲ။ဒါ့ကြောင့်လဲလူတွေကိုလူမထင်ဘဲဆဲဆိုနေတာကိုး။
    ကျနော်ကတော့အဲဒါမျိုးသီတင်းစာကိုဒီလိုဖတ်တယ်ဗျ။
    အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားသူပုန်သန်းရွှေနဲ့ခိုးသား၄၀တို့သည်---------

  1. Anonymous said... :

    မိုက်ရိုင်းလိုက်တဲ့ ကေအင်ယူ၊ ပြည်သူတွေဒုက္ခဖြစ်အောင်လုပ်တယ်။ မီးပျက်တာလဲ ကေအင်ယူ၊ အောင်သိန်းလင်းချမ်းသာနေတာလဲ ကေအင်ယူ၊ သန်းရွှေသမီးတွေ သောင်းကျန်းနေတာလည်း ကေအင်ယူပဲ။ ကြိုင်ကြိုင်ကြီး အငယ်လေးတွေနဲ့ ခေါ်တွဲနေတာလည်း ကေအင်ယူပဲ။ ဗမာပြည်အခုလိုဖြစ် နေတာလဲ ကေအင်ယူပဲ၊ စားစရာမရှိအောင်လုပ်တာလဲကေအင်ယူ၊ နာဂစ်နဲ့ ဂီရိလဲ ကေအင်ယူပဲ။ ကြံဖွတ် ရွေးကောက်ပွဲမှာနိုင်တာလဲ ကေအင်ယူပဲ။ အပြစ်မရှိတဲ့လူတွေ ထောင်ထဲရောက်တာလဲ ကေအင်ယူ၊ မိုက်ရိုင်းလိုက်တာ ကေအင်ယူရယ်၊ ဒါပေမယ့် ဗိုလ်သန်းရွှေကလည်း အရှက်မှမရှိပဲကိုး.....

  1. မြန်မာ့သမီး said... :

    မြန်မာပြည်က လူတွေ ABCD တောင် မသိကြတော့ဘူးနော် ..DKBA ကို KNU လို့ မှားအသံလွင့်တဲ့အထိ စာမတတ်အောင် ရိုက်ချိုးထားတာလဲ.........KNU လုပ်ထားတာပဲဖြစ်မယ်

  1. Anonymous said... :

    ငါ့သမီး ဂျီကျနေတာ --ဟင်းးဟင်းဟင်း KNU

  1. Anonymous said... :

    နိုင်ငံခြားသားတွေက မေးတယ်..ဘယ်သူမဲနိုင်သွားတာလဲတဲ့...????
    သိရင်ဖြေကြားပေးပါ....

  1. Anonymous said... :

    မဲနိုင်တာလဲ KNU ပဲ ဟီးဟီး

  1. Anonymous said... :

    Please stop non-sense. Wars, armed conflict might be entertaining for watchers. But in real life, they are not movie. People are running for life. Please have some human heart.

  1. Anonymous said... :

    Good comments! might be KNUss

  1. Anonymous said... :

    My hats off to DKBA regiment 5, they should not have stayed back after attacking and destroying
    SPDC offices. The back and forth shooting on both sides destroyed the peace and safety of civilians. They cannot fight one on one with SPDC, a small army like DKBA should use guerilla warefare military tactics, like ambushes, sabotage, raids, the element of surprise, and extraordinary mobility to harass a larger and less-mobile traditional army, or strike a vulnerable target, and withdraw almost immediately.
    Set camp in mountainous forestry areas, so if SPDC use choppers they can shoot them down.
    SPDC don't want to loose the millions they had invested on those choppers. Like the Talibans
    even big armies like USA can't easily defeat them. If all ethnic armies
    unite, SPDC BULLIES would face a tremendous challenge, because majority of soldiers will
    defect with their weapons and change sides. SPDC is scared of their own Arm forces
    attacking or dropping a bomb on Naypyidaw.
    (Tried to post this comment on Interview with Saw Lah Pweh interview
    my comment did not go thru.)

  1. Anonymous said... :

    hahah i know only one things some people they said problem about KNU and then they lie and take scholarship for that , after that those people dont work for the country people and enjoy their life in abrod.

  1. Anonymous said... :

    အော် . . မနေ့က အိမ်မက်မကောင်းတာ အခုမှဘဲ အဖြေတွေ့တော့တယ် .. KNU ကြောင့်ကိုး . . တော်တော်ဆိုးတဲ့ KNU အိမ်မက်ထဲအထိ . .

  1. Anonymous said... :

    တကယ်တော.ကရင်အချင်းချင်းကိုသွေးကွဲအောင် လုပ်နေတာပါ
    DKBA နဲ.KNU ကို သွေးခွဲနေတာပါ မကောင်းပါဘူး စိတ်ဓာတ်ယုတ်ညံ့တာပေါ.နော် ဆိုးလိုက်တဲ.အစိုးရ စာတောင်မဖွဲ.တတ်အောင်ပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved