NDF ကို မဲပေးလို့ ရေနံဝန်ထမ်းတွေ ခြိမ်းခြောက်ခံရ

Friday, November 12, 2010

သန်လျင် ရေနံချက်စက်ရုံ ဝန်ထမ်း ရပ်ကွက် အတွင်း အများစုမှာ NDF ပါတီကို မဲထည့်ခဲ့ကြသဖြင့် အဆိုပါ ရပ်ကွက်တွင် NDF က ကြံ့ဖွံ့ကို မဲအပြတ်အသတ်ဖြင့် နိုင်ခဲ့ရာ ခင်းလက်စ ကွန်ကရစ်လမ်းကို ဆက်မခင်းပေးတော့ဘဲ လမ်းကြိတ် စက်များ၊ တခြားသော လမ်းခင်း ပစ္စည်းများကို နေ့ချင်း ပြန်လည် သိမ်းယူ သွားကြောင်း၊ ထို့အပြင် စက်ရုံ ဝန်ထမ်းများ ကိုလည်း မည်သည့်မဲရုံတွင် မဲပေးသည်၊ မဲစလစ်အမှတ် စသည်တို့ကို ကောက်ယူကာ နေပြည်တော်သို့ တင်ပြ ရမည်ဟူ၍ ခြိမ်းခြောက် နေကြောင်း ရေနံ ရက်ကွက်သားများက ပြောသည်။

ထိုသို့ ဝန်ထမ်းရပ်ကွက် တရပ်ကွက်လုံးနီးပါး ကြံ့ဖွံ့ကို ဆန့်ကျင် မဲမထည့်ခြင်းအပေါ် မြို့ခံများက ချီးကျူးနေကြသည်။ သန်လျင် ရေနံချက် စက်ရုံသည် ၁၉၈၈ အရေးတော်ပုံကာလက သန်လျင်မြို့လုံးကျွတ် သပိတ်ဖြစ်ပေါ်ရေးအတွက် အဓိက နေရာမှ ပါဝင်ခဲ့ပြီး ရေနံ စက်ရုံ အလုပ်သမား များသည် သပိတ်အတွက် ကျောင်းသားများနှင့် ပထမဦးဆုံး ပူးပေါင်းသူများဖြစ်သည်။

သပိတ်ကို နှိမ်နင်းအပြီးတွင် သန်လျင်ရေနံချက် စက်ရုံမှ အရာရှိ အတော်များများမှာ အလုပ်ပြုတ်ခြင်း၊ ပင်စင်ပေးခံရခြင်း၊ ဝေးလံရာ ဒေသများသို့ ပြောင်းရွှေ့ခံရခြင်းများ ရှိခဲ့သည်။

1 comments :

  1. Anonymous said... :

    Great.........

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved